[Unicode]
ကိုကို က ကျွန်တော့်အတွက်..
ဘယ်တော့မှ..ရိုးအီမသွားနိုင်တဲ့...
အမြဲချစ်နေရတဲ့...ယုန်ပေါက်လေး...~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရှောင်းကျန့် နဲ့ လောင်၀မ် ဆက်ဆံရေးက အရင်ကထက်ပို အဆင်ပြေလာသည်။တစ်ခုပဲ လောင်၀မ်က မိမိကို အသားယူလာသလို/ချစ်တယ် ဆိုတဲ့စကားကိုလဲ တစ်မိနစ်ကို တစ်ခါပြောနေတာလေးတစ်ခုပဲ လူက အစထဲက မချစ်ဘူးဆိုပြီး ကိုယ့်နှလုံးသား ကို အတင်းသော့ခတ်ထားတာပါဆို..ဒီကလေး လုပ်ပုံနဲ့ စိတ်တင်းထားတာ ကြာကြာခံမယ် မထင်။အခုလဲကြည့်..နေ့လည်စာ ၀ယ်ကျွေးချင်တယ် ဆိုပြီး ထွက်သွားလေရဲ့ ဘယ်လောက်တားတားမရပေ။
"ကိုကို..ကြည့်ဗျာ..အဲ့တာစာရင်းတွေ ခဏထားလိုက်..လာ နေ့လည်စာစားရအောင်"
"နေပါအုန်း လောင်၀မ်ရဲ့...ကိုကိုစစ်နေတာပြီးတော့မယ်..အရင်စားထားနှင့်လေ"
"မရဘူး..ကိုကိုရာ...လာဗျာ..ကိုကိုနဲ့အတူတူစားချင်လို့..၀ယ်လာတာပါဆို"
ရှောင်းကျန့် လောင်ဝမ်ကို ကြည့်လိုက်သော စိတ်ဆိုးချင်နေတဲ့ အရိပ်အယောင်တွေ့၍ စစ်နေတဲ့ စာရင်းတွေကို စားပွဲ၌ ချထားလိုက်ပြီ။လောင်၀မ်ခေါ်ရာ လိုက်သွားလိုက်သည်။
ရိပေါ် ကိုကိုလက်အား ဆွဲကာ ဆိုဖာ၌ ၀င်ထိုင်လိုက်ပြီး..
"ရော့...ကိုကိုအကြိုက်လေးတွေ..၀ယ်လာတယ်..ကိုကို ..တူ ရော့"
"အင်း..လောင်၀မ်"
ရှောင်းကျန့် လောင်၀မ်ပေးသော တူအားယူကာ မိမိအရှေ့ရှိ ငါးအသားလုံးကြော်ကို ယူစားရန် ပြင်လိုက်ချိန် မိမိကို လာခွံကျွေးသော လောင်၀မ်ကြောင့်
"လောင်၀မ်...စားလေ။ကိုကို..ကိုကျွေးတော့ လောင်၀မ်ဗိုက်ဆာနေမှာပေါ့.."
"ရတယ်..ဒါကိုကိုကြိုက်တဲ့ ငါးအသားလုံးကြော်
စားပါဗျာ..မြှောက်ထားရတာ..လက်ညောင်းနေပြီ"
"အင်း..အင်းပါ လောင်၀မ်ရာ"
ရိပေါ် မိမိခွံကျွေးတာကို စားပြီး ရှက်နေတဲ့ ကိုကို့ကို ကြည့်ပြီး အသဲယားလာသည်။မျက်နှာတွေရော.နားရွက်ဖျားလေးတွေပါ.နီနေတဲ့ ကိုကို့ကိုကြည့်ရင်း..ကြည့်ရင်း.ပိုအသဲယားလာတာကြောင့်..
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်
Fantasyyizhan ပါ Fanfic ပထမဆုံးရေးဖူးတာပါ ဖတ်ပေးကြပါအုန်းဗျ ကိုယ်မြတ်နိုးရတဲ့ cha လေးတွေနဲ့ fic တစ်ပုဒ် ဖန်တီးချင်မိလို့ပါ