[Unicode]
"ဟူးးးးး"ရှောင်းကျန့် သက်ပြင်းမောကြီးတစ်ခုကို ချလိုက်မိသည်။ညက လောင်၀မ်မားမား ဖုန်းဆက်တဲ့ကိစ္စကို ပြန်တွေးမိသည်။
Flash back start
*****************
"Hello..အန်တီ"
"ရှောင်းကျန့်ကို....ရှည်ရှည်ဝေးဝေး မပြောတော့ဘူး..အန်တီ လိုရင်းပဲပြောတော့မယ်"
"ဟုတ်ကဲ့....အန်တီ"
"သား ကို...ပြင်သစ်မှ ကျောင်းလိုက်တက်ဖို့ဖြောင်းဖျပေးပါ..."
"အန်တီတို့တောင်ပြောမရတာ...ကျွန်တော်ပြောတော့ရော...လောင်၀မ်က နားထောင်မှာတဲ့လား..အန်တီ"
"မင်းသာပြောရင်...သား နားထောင်မယ်ဆိုတာ ယုံကြည်တယ်...မင်း ပဲ...သားအောင်မြင်တာ လိုချင်တယ်ဆို..."
"ဟုတ်ကဲ့...."
"ဒါဆို..ရအောင်ဖျောင်းဖျပေးပါ.."
"ဟုတ်ကဲ့...အန်တီ"
Flashback end
***************
ရိပေါ် ကိုကို သူ့စားပွဲ၌ သက်ပြင်းတွေချပြီး တစ်ခုခုကို တွေးနေတာမြင်၍...
"ကိုကို...ဘာတွေတွေးနေတာလဲ.."
"ဟင်..အင်း ဘာမှမတွေးပါဘူး.."
"မဟုတ်ပါဘူး...ကိုကို တစ်ခုခုတွေးနေတယ်မဟုတ်လား..."
"လောင်၀မ်...ကိုကိုနဲ့စကား ခဏပြောရအောင်လာ.."
ရှောင်းကျန့် လောင်၀မ်အား ပြောပြီး ဆိုဖာ၌ ၀င်ထိုင်လိုက်သည်။
ရိပေါ် ကိုကိုပြောသည့် စကားကို နားထောင်ချင်၍ ဆိုဖာ၌ ၀င်ထိုင်လိုက်သည်။
"ပြော...ကိုကို"
"ကိုကိုအခုပြောမှာကို...သေချာနားထောင်နော်.."
"အင်း..."
"လောင်၀မ်...ပြင်သစ်ကို ပညာတော်သင်သွားလိုက်ပါ..."
"မသွားချင်ဘူး...ကိုကိုမရှိတဲ့နေရာမှာ မနေနိုင်ပါဘူးဆို..."
"လောင်၀မ်..ရှေ့ရေးရှိသေးတယ်လေ..အဲ့တာကိုမစဉ်းစားတော့ဘူးလား..."
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်
Fantasyyizhan ပါ Fanfic ပထမဆုံးရေးဖူးတာပါ ဖတ်ပေးကြပါအုန်းဗျ ကိုယ်မြတ်နိုးရတဲ့ cha လေးတွေနဲ့ fic တစ်ပုဒ် ဖန်တီးချင်မိလို့ပါ