Part-21

313 13 0
                                    

[Unicode]
ရှောင်းကျန့် ဒီနေ့ companyမှာ အရေးကြီးတဲ့metting ရှိ၍ စာရင်း‌တွေပြန်စစ်လို့ရ‌အောင် companyကို စောစောစီးစီးထွက်လာခဲ့သည်။လောင်ဝမ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၍ မနက်စာကို စားပွဲ၌ သေချာပြင်ကာ အုပ်ဆောင်းအုပ်ပြီး စာလေးပါ ကပ်ခဲ့သည်။မဟုတ်ရင် အဲ့ကလေး မနက်စာမစားပဲ အလုပ်လာနေမှာစိုး၍ပင်..။

ရှန်လင်း  ရှောင်းကျန်company မှာဒီနေ့လုပ်မဲ့meeting ကို မိမိကိုယ်တိုင်တက်မည်ဖြစ်၍ ထိုcompanyကိုထွက်လာခဲ့သည်။မနက်စာကို ရှောင်းကျန့်နဲ့မှ အတူတူစားဖို့ဆုံးဖြတ်ထားသည်။ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးပါ ရှိနေရင် အဲ့ကောင်လေးပါ ခေါ်ပြီး ‌သူအရှေ့မှာ ရှောင်းကျန့်ကို ပိုဂရုစိုက်ပြရမယ်..ဟား..ဟား။

ရှန်လင်း ရှောင်းကျန့်ရုံးခန်း ရှေ့ရောက်သည်နှင့် တံခါးခေါက်လိုက်သည်။

*ဒေါက်...ဒေါက်...ဒေါက်*

ရှောင်းကျန့်  စာရင်းစစ်နေရင်း တံခါးခေါက်သံကြား၍ အတွင်းရေးမှူးကျိုချန်း ထင်၍ ဝင်ခိုင်းလိုက်သည်။

"ဝင်ခဲ့ပါ.."

"Morning..Mr.Xiao"

"ဟာ...ရှန်CEOပဲ..ကျွန်တော်က ကျိုချန်းထင်နေတာ."

"Mr.xiaoရဲ့အတွင်းရေမှူးက..အပြင်မှာအလုပ်နေပါတယ်...ကျွန်တော်လာလို့မရဘူးလား.."

"အဲ့လိုပြောတာမဟုတ်ပါဘူးဗျာ..လာလို့ရပါတယ်.. meeting လာတက်တာထင်တယ်.."

"ဟုတ်တယ်...ကျွန်တော့်အတွက် အခုတလောအားနေလို့..Mr.Xiao နဲ့ သဘောတူထားတဲ့ project meetingကို လာတက်တာ.."

"ဟုတ်ကဲ့...ရှန်CEO မနက်စာရောစားပြီးပြီလား..ကျွန်တော် ပြင်ခိုင်းလိုက်မယ်လေ.."

"ဟုတ်သား...Mr.Xiaoပြောမှ ဗိုက်တောင်ဆာလာပြီ..ကျွန်တော်နဲ့အတူတူလိုက်စားပေးလို့ရမလား.."

"ဗျာ.."

"မနက်စာကို..တစ်ယောက်ထဲစားရတာ အထီးကျန်နေလို့ပါ...Mr.Xiaoလဲ မနက်စာမစားရလောက်သေးဘူးထင်တယ်...ကျွန်တော်နဲ့အတူတူလိုက်စားပေးလို့ရမလား.."

"အာ...ရပါတယ်ဗျာ..သွားစားကြတာပေါ့.."

ရှောင်းကျန့် မိမိအား မနက်စာအတူတူစားဖို့ ဖိတ်နေသော ရှန်CEOကို  အားနာသောကြောင့် လက်ခံလိုက်သည်။

ကိုကိုက ကျွန်တော့်အပိုင်Where stories live. Discover now