[Unicode]
ကိုကိုနဲ့ကျွန်တော့်ကြားမှာ..
ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့်..
ရန်မဖြစ်ရပါစေနဲ့ကိုကို...
ကျွန်တော့်တို့အချစ်ကို..နားလည်မူတွေနဲ့ပဲ
ရှေ့ဆက်လျှောက်လှမ်းချင်တယ်...~~~~~~~~~~~~~~~~~~~~~~~
ရှောင်းကျန့် ကုတင်ထက်၌ အိပ်ပျော်နေသော လောင်ဝမ် လက်လေးအား ဆုပ်ကိုင်ကာ
"မြန်မြန်နိုးလာပါတော့လောင်ဝမ်...ဒီလိုကြီးလှဲမနေနဲ့တော့လေ...ကိုကိုလွမ်းလှပြီ.."
မေလီလီ ကုတင်ပေါ်က ရိပေါ်လက်ကလေးကို ကိုင်ကာ ပြောနေသော ကျန့်ကျန့် ကိုကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။ရိပေါ်လေး ဆေးရုံရောက်ထဲက ဘာမှလဲမစား၊ထိုနေရာကနေ တစ်ချက်မှ မထသေးပေ။
"ကျန့်ကျန့်...ထမင်းလေးတော့စားပါဟာ..ဒီလိုဆက်လုပ်နေရင်..နင် ပါ လဲသွားမယ်ဟ.."
"ရတယ်..လောင်ဝမ်က.ကုတင်ပေါ်မှာလှဲနေတဲ့အချိန် ငါ ကဘယ်လိုလုပ်စားဝင်ပါ့မလဲ.."
"ဒါမဲ့ဟာ..ရိပေါ်လေးက..ခဏနေရင် နိုးလာတော့မှာပါ.အခုလဲဆရာဝန်က အိပ်ဆေးထိုးပေးထားလို့.အိပ်နေတာပါ..ရိပေါ်နိုးလာလို့..နင် ဘာမှမစားပဲ..နေတာသိရင် စိတ်ကောင်းမယ်ထင်လား..."
"အင်းနော်...ဟုတ်တယ်.လောင်ဝမ် စိတ်မကောင်းဖြစ်လိမ့်မယ်.."
ရှောင်းကျန့်။ မေလီလီ ထည့်ပေးသော ထမင်းနဲ့ ဟင်းအား စားနေလိုက်သည်။ထိုအချိန် ကုတင်ပေါ်မှ လောင်ဝမ် နိုးလာခဲ့သည်။
*အား...ကျွတ်...ကျွတ်*
ရိပေါ် ကိုက်နေသောခေါင်းအား လက်နဲ့အသာဖိကာ ထလိုက်မိသည်။
ရှောင်းကျန့် ထမင်းစားနေတုန်း လောင်ဝမ် ရဲ့ လူပ်ရှားသံကို ကြား၍ စားနေတဲ့ ထမင်းပန်းကန် ကို အောက်ချကာ လောင်ဝမ် အနားသို့ပြေး၍
"လောင်ဝမ်...လောင်ဝမ်နိုးရလာပြီလား ..လီလီ.ဆရာဝန်ခေါ်ပေးပါဟာနော်."
"အင်းပါ..ကျန့်ကျန့်"
ရိပေါ် မိမိနိုးလာတော့ မိမိထံအား အသဲအသန်ထလာသော ကိုကို့ကို ကြည့်ပြီးသနားလာသည်။အခုလဲ ကြည့်မိမိအား မျက်ရည်တွေဝိုင်းနေတဲ့ မျက်လုံးလေးနဲ့ အဆင်ပြေလားဟု မေးနေသော ကိုကို့မျက်နှာလေးအား မိမိလက်နှစ်ဖက်နဲ့ အသာကိုင်ပြီး နူတ်ခမ်းလေးအား နမ်းလိုက်သည်။
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်
Fantasyyizhan ပါ Fanfic ပထမဆုံးရေးဖူးတာပါ ဖတ်ပေးကြပါအုန်းဗျ ကိုယ်မြတ်နိုးရတဲ့ cha လေးတွေနဲ့ fic တစ်ပုဒ် ဖန်တီးချင်မိလို့ပါ