Unicode...
Gulf ဒီနေ့ အိမ်ပြန်တာ နည်းနည်းနောက်ကျသည်။ ဟို မျက်နှာမှာအပြုံးမရှိ အရယ်မရှိသော ကျောက်ရုပ်လိုလူသားကို interview ဖို့သွားနေရတာနှင့်...။
ပြီးတော့ ဘာမှလည်း မေးခွင့်မသာခဲ့....။ ဒီကြားထဲ အယ်ဒီတာကို တောင်းပန်ကာ နောက်တစ်ခါ မေးမြန်းလို့ရစေရပါမည်ဟု ကတိပေးခဲ့ရသေးသည်။
ဟူး....တကယ်ပင်ပန်းတယ်...။ ဝါသနာမို့ မစွန့်လွှတ်နိုင်လို့သာ....။ တချို့နာမည်ကြီးတွေကျ မေးမြန်းတာ အမှားမခံ...တချို့ကျပြန်တော့ အထက်စီးက လူလူချင်းတူတူက်ို အဆင့်အတန်းခွဲချင်သည်။
အမှန်ဆို Gulfက သူတို့ထက်မဟုတ်ရင်တောင် သူတို့နီးပါး သူတို့တန်းတူလောက် ချမ်းသာသူပင်....။ အခု ဒီကျောက်ရုပ်လိုလူသား CEOကျပြန်တော့ အမေးကိုမခံလို့ တော်တော်ခေါင်းစားရသည်...။
ညစာလည်း မားတို့နှင့် အတူမစားဖြစ်....။ ညစာမှမဟုတ်ပါဘူး နေ့လည်စာ မနက်စာတွေလည်း တူတူပဲ...။ အိမ်ကို အချိန်ပေးရတာ နည်းနေသည်။
ခုလည်း အိပ်ရာထဲ ပက်လက်နေပြီး နဖူးပေါ် လက်ကိုတံတောင်ကွေးကာတင်ထားသည်။ အိပ်မပျော်....။ CEOကို interview ဖို့ ဘယ်လိုလုပ်ရမလဲ စဥ်းစားနေမိသည်။ ပြီးတော့ အခန်းထဲမဝင်ခင်က မားက ပြောလိုက်သည်ကိုရော.....။
မနက်ကျ မနက်စာအတူ စားရအောင်တဲ့....။ ပြောစရာလည်း ရှိလို့ပါတဲ့....။ ဘာပြောမှာလဲ၊ ထွေထွေထူးထူးမရှိပဲတော့ ဒီလိုပြောမှာမဟုတ်...။ အာ....ဘာတွေမှန်းကို မသိဘူး...တစ်နေ့တစ်နေ့....တော်ပြီ အိပ်ရအုံးမယ်....
..................................................................."မား Morning ဒါနဲ့ breakfastက ဘာလဲ"
မိုးလင်းတော့ Gulf မနက်သစ် ရေချိုးပြီးတာနဲ့ ထမင်းစားခန်းထဲ တန်းလာခဲ့သည်။ ဒီနေ့မနက် စုံစုံညီညီစားရမယ်၊ ပြောစရာလည်းရှ်တယ်လို့ မားက မှာထားသည်လေ...။
ဒီတော့ ထမင်းစားခန်းထဲလာပြီး မားရောက်နေသည်ကို တွေ့တာနဲ့ နှုတ်ဆက်လိုက်သည်။
"အော် သားလေးတောင်နိုးပြီလား Morningပါ မားသားလေး breakfastက ကော်ဖီနဲ့ ပေါင်မုန့်ထောပတ်သုတ်ပြီးကြော်ထားတယ် ဘွားဘွားကတော့ နွားနို့ပေါ့ကွယ်"
YOU ARE READING
"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"
FanfictionUnicode... မာနကြီးပြီး သတင်းထောက်တွေကိုရှောင်ကာ ဘယ်interviewကိုမှ လက်မခံတတ်သူ... CEO Mewနဲ့ မိဘစဥ်ဆက် ချမ်းသာသော်လည်း သတင်းထောက်အလုပ်ကို ဝါသနာပါသူ.. Gulfလေးတို့ ဘယ်လိုတွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလဲ....? Coming Soon..... Zawgyi... မာနကြီးပြီး သတင်းထော...