Unicode...
Gulf ဒီနေ့ စျေးဝယ်ထွက်ဖြစ်သည်။ ဘာရယ်မဟုတ်၊ တစ်နေ့တစ်နေ့ အိမ်အလုပ်ပဲ လုပ်နေကာ ပျင်းနေတာကြောင့် မုန့်ထွက်စားရင် သဘောကျမိသော Accessories လေးများဝယ်နေခြင်းပင်...။
အပျင်းပြေသဘောရော၊ မားကတ်ကလည်း နီးနေတာကြောင့် လမ်းလျှောက်သွားဖြစ်လိုက်သည်။ အိမ်ပြန်နေစဥ် လျှောက်နေရင်းမှ ဘောင်းဘီအိတ်ထဲက ဖုန်းက အချက်ပေးလာတာကြောင့် ဖုန်းနံပါတ်ကို ကြည့်တော့ အစိမ်းဖြစ်နေသည်။
ဟိုလူ Kao များလားထင်မိပေမဲ့ အရင်ကဆက်ဖူးသောဖုန်းတော့ မဟုတ်၊ ဒါပေမဲ့လည်း တခြားဖုန်းနဲ့ ဆက်နိုင်တာပဲမို့လား..
"ဟဲလို"
"ဟေ့ ကောင်လေး ဘယ်လိုလဲ အိမ်ထောင်ရေးလေးက အဆင်ပြေပါရဲ့လား"
ထင်သည့်အတိုင်းပင်..။ အလိုမကျစွာ ဘုတောတော့သည်။
"ခင်ဗျားအပူမပါ,ပါဘူး"
"ဟားဟား စွာတာလေးပဲ ကိုကိုရော အလုပ်သွားတာပေါ့"
"ခင်ဗျားဘာဖြစ်နေတာလဲ အကိုနဲ့ခင်ဗျားက ပြီးပြတ်နေပြီလေ ဘာတွေ ဇယားလာနောက်နေတာလဲ"
လမ်းလျှောက်ပြောနေရင်းမှ Gulf ရောက်သည့်နေရာမှာ ရပ်လိုက်သည်။ စိတ်ရှုပ်ကာ ထွက်နေသည့်ဒေါသကြောင့် လေသံက မာနေသည်။
"အိုး ဟိုးဟိုး စိတ်လေးလျော့ပါကွာ မင်းရဲ့ဘတ်သိန်းတစ်ထောင်တန်ယောကျာ်းကို ဒီလောက်အူတိုမနေပါနဲ့"
"ခင်ဗျား ဘာပြောတယ်"
အရင်တစ်ခါဖုန်းဆက်တုန်းက တစ်စွန်းတစ်စပြောသွားသည့် အကြောင်းအရာကိုပင် Kaoက ခနဲ့ကာ ပြောနေပြန်သည်။
"ဟုတ်တယ်လေ မင်းက ကိုကို့ကို ဝယ်ထားတာမို့လား ယောကျာ်းအဲ့လောက်ရှားလားကွာ မဟုတ်ရင်တောင် မင်းရုပ်မင်းရည်လေးနဲ့ မိန်းကလေးချောချောလေးရနိုင်ရဲ့သားနဲ့"
"ဘာဝယ်ထားရမှာလဲ ခင်ဗျားမဟုတ်တာတွေ လျှောက်ပြောမနေနဲ့...ကျစ်"
Gulf စိတ်တိုစွာ ဖုန်းချလိုက်ကာ အိမ်ရောက်ရန်သာ ခပ်သွက်သွက်လျှောက်တော့သည်။ ငါးလှမ်းမျှပင် မပြည့်သေး...ဖုန်းက ပြန်မြည်လာပြန်သည်။ ထိုနံပါတ်ပင်...
ESTÁS LEYENDO
"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"
FanficUnicode... မာနကြီးပြီး သတင်းထောက်တွေကိုရှောင်ကာ ဘယ်interviewကိုမှ လက်မခံတတ်သူ... CEO Mewနဲ့ မိဘစဥ်ဆက် ချမ်းသာသော်လည်း သတင်းထောက်အလုပ်ကို ဝါသနာပါသူ.. Gulfလေးတို့ ဘယ်လိုတွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလဲ....? Coming Soon..... Zawgyi... မာနကြီးပြီး သတင်းထော...