Ep 4

4.8K 337 3
                                    

Unicode...

Gulf ကားနားမှာ ဘယ်ညာလမ်းလျှောက်ကာ နေ,နေခြင်းပင်....။

တဖြည်းဖြည်း ညောင်းလာသည်။ လူက သစ်ကုလားအုတ်လည်း ဖြစ်တော့မယ်...။

7နာရီထိုးခါနီးလောက်ကျတော့ Hotelဝင်ပေါက်ရှေ့၌ လုပ်ငန်းရှင်တွေ နှုတ်ဆက်နေကြတာကို သူတွေ့လိုက်သည်။ သိပ်မကြာ ကားတွေအလျှိုလျှိုထွက်သွားပြီး CEOMewကားနားလျှောက်လာသည်။

ကားတံခါးဖွင့်ကာနီး Gulfရှေ့ကနေ ကြိုပိတ်ကာ
  
"တဆိတ်လောက် CEO Mewခင်ဗျ"

သူ့နာမည်နဲ့ ခေါ်သံကြောင့် အသံလာရာကို လှည့်ကြည့်လိုက်မိသည်။ ဂျင်းပြာရောင်တောက်တောက်ဘောင်းဘီက အလင်းရောင်မှောင်စပြုနေပေမဲ့ ပေါ်လွင်နေပါသည်။

မိုးပြာရောင်ရှပ်အကျီနှင့်လိုက်ဖက်စွာတွဲဝတ်ထားပြီး လည်ပင်းမှာ ကင်မရာကိုဆွဲထားတာကြောင့် သေချာပါသည်။ ထိုသူက သတင်းထောက်တစ်ယောက်ပင်....။

ကျစ်....စိတ်ရှုပ်စရာပဲကွာ...Mewခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုသူ့ကိုလည်း

"ဘာလဲပြော"

"အာ ဟုတ်ကဲ့ ကျွန်တော်မေးခွန်းနည်းနည်းလောက်မေးလို့ရမလားဗျ"

Mewအသံက စိတ်မရှည်သလို၊ စိတ်ရှုပ်နေသလိုမို့ Gulf စိတ်ခုမိပေမဲ့ Gulf အတတ်နိုင်ဆုံးစိတ်ရှည်စွာနှင့် အချိုသာဆုံးပြောသည်။ ကိုယ်ကသတင်းယူမယ့်သူမလား....။

"မရဘူး"

မာကျောသော ဖြေသံကို လျစ်လျူရှုကာ

"နည်းနည်းပဲမေးမှာပါဗျာ CEO မဖြေရင် ကျွန်တော် ဒီကားနားမှာပဲ ရပ်နေမှာနော် သွားခွင့်မပေးဘူး"

ဟက်...ဒီလောက်လေးက ငါ့ကိုတုန်လှုပ်စေမယ်ထင်လို့လား ကောင်လေးရာ...ဒါပေမဲ့လည်း ဒီကောင်လေးက နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းသည်။ သူ့ကို ဒီလိုမျိုး စောင့်ပြီး မေးဖူးသူမရှိ၊ လာပြီဆိုမှ ဝိုင်းအုံလာတာမျိုး....

မရမက ကားနားမှာလာစောင့်မေးနေသော ဒီကောင်လေးကို ပြန်ကြည့်ကာ

"အာ...မင်းက ဦးနှောက်ပဲ"

"CEO ကျွန်တော်သုံးခွန်းပဲမေးမှာပါဗျ သုံးခွန်းလေးပါပဲ"

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Donde viven las historias. Descúbrelo ahora