Unicode...
"ဘဲပေါက် စားချင်တာ တစ်ခုခုရှိလား ဝင်ဝယ်လို့ရတယ်လေ မဟုတ်ရင်လည်း ဝင်စားကြရအောင်လို့"
ဆေးရုံဆင်းလာပြီး လမ်းမှာ မီးပွိုင့်မိတော့ ကားရပ်စောင့်နေရင်း အကိုက မေးခြင်းဖြစ်သည်။
"ကျွန်တော် သရက်သီးကျောက်ကျော စားချင်တယ် ဒါပေမဲ့ ဝယ်ပဲသွားမယ်လေ ဝင်မစားတော့ဘူး"
"အာ အာ့ဆို အကို ဝင်ဝယ်ကြည့်မယ်လေ မားကတ်တစ်ခုခုကို မောင်းလိုက်မယ်နော်"
မီးပြန်စိမ်းသွားတာကြောင့် ကားပြန်မောင်းလာရင်း စကားသံတွေက အလိုလိုတိတ်ဆိတ်သွားသည်။
မားကတ်တစ်ခုရှေ့ရောက်တော့
"ဘဲပေါက် နေခဲ့အုံးနော် အကိုသွားကြည့်လိုက်မယ်"
"ဟုတ်"
Gulf ကားထဲထိုင်စောင့်နေရင်း အတွေးတွေက ခေါင်းထဲဝင်လာပြန်သည်။ အကိုက ချစ်နေတာမို့ ဂရုစိုက်နေတာလား...P'Kao ပြောတာ အမှန်ဆို အကိုက ဖွင့်မပြောသေးတာပေါ့နော်...ဘာပဲဖြစ်ဖြစ် ဖွင့်ပြောလာရင် တကယ်ကို ကြည်နူးဝမ်းသာမိမှာပင်...။
ပြီးတော့ အကို့ကို ခံစားချက်ရှိနေခဲ့တာ ကြာပြီလေ...ဒီတော့ ချစ်နေတာ သေချာပြီမို့ အကို့ကိုလက်ခံမှာပင်...။
ခဏနေတော့ အကို ပြန်ရောက်လာသည်။ လက်ထဲမှာလည်း ရေခဲမုန့်နှစ်ခုနဲ့...အထုပ်တစ်ခုက ပါသေးသည်။
ကားထဲရောက်တော့ အထုပ်ကို နောက်ခန်းထဲပို့ကာ
"ဘဲပေါက် ရော့ ရေခဲမုန့်"
"ဟင် ကျောက်ကျောရော"
ကလေးဆန်စွာ မေးမြန်းလိုက်သော ပုံစံလေးနှင့် အသံလေးက တကယ်ကို ချစ်ဖို့ကောင်းနေသည်။ ဘဲပေါက်ရေ..ဒီကလူက ရင်ခုန်လွန်းလို့ ရူးတော့မယ် သိရဲ့လား...
"ကျောက်ကျောက ရှိတယ် ဒါပေမဲ့ ဘဲပေါက်ပြောတဲ့ သရက်သီးကျောက်ကျောမရှိဘူး အာ့မို့ ကိုယ်တိုင်လုပ်ဖို့ လိုတဲ့ပစ္စည်းတွေ ဆိုင်ကိုမေးပြီး ဝယ်ခဲ့တာလေ..."
နောက်ခန်းထဲထားလိုက်သော အထုပ်ကို မေးဆတ်ပြကာ ပြောလိုက်သော အကို့ကို ကြောင်ကြည့်နေမိတော့သည်။ CEO ကြီးက ကိုယ့်ဘာသာကျောက်ကျော လုပ်မယ်ဆိုပါလား...ဟင်း..
ESTÁS LEYENDO
"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"
FanficUnicode... မာနကြီးပြီး သတင်းထောက်တွေကိုရှောင်ကာ ဘယ်interviewကိုမှ လက်မခံတတ်သူ... CEO Mewနဲ့ မိဘစဥ်ဆက် ချမ်းသာသော်လည်း သတင်းထောက်အလုပ်ကို ဝါသနာပါသူ.. Gulfလေးတို့ ဘယ်လိုတွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလဲ....? Coming Soon..... Zawgyi... မာနကြီးပြီး သတင်းထော...