Unicode...
ကွန်ဒိုထဲရောက်တော့ တော်တော်ကျယ်ကာ ပရိဘောဂ အစုံလည်းရောက်နေသည်ကို Gulf တွေ့လိုက်သည်။ မေးစရာမလို...ဤသည်က CEOရဲ့ စီမံထားမှုပင်....။
"ဝါး မိုက်လိုက်တာ"
Gulfလေးရဲ့ အသံကြောင့် Mewသဘောကျစွာ ရယ်မိလိုက်သည်။ လိုအပ်တာတွေနဲ့ Gulfကြိုက်တာတွေမေးမြန်း ပြောဆိုခဲ့ပေမဲ့ Gulfတစ်ခါမှ ကွန်ဒိုထဲမရောက်ဖူးသေး....။
ဘာပဲဖြစ်ဖြစ် သူစီစဥ်ထားတာတွေ Gulf ကြိုက်တယ်ဆိုတော့ ကျေနပ်မိသည်။
အိပ်ခန်းထဲရောက်တော့ 5ပေခွဲရှိသည့် ကျွန်းဗီရိုနှစ်လုံး... တစ်လုံးစီမှာ တစ်ဦးစီရဲ့ အဝတ်အစားများကို အပြည့်ထည့်ပြီးသားပင်...။
ခေါင်းရင်းဘက်မှာ ကနုတ်ပန်းလေးများနှင့် အလှဖော်ထုဆစ်ထားသော ကုတင်လေးမှာလည်းCEO ကြိုက်သည့် အပြာနုလွင်လွင်လေးမှာ အပွင့်အခက်အဖြူလေးများနှင့် လှပနေသည်။
ခေါင်းအုံးလေးနှင့် ဖက်လုံးလေးကတော့ Gulfလေး စိတ်ကြိုက်ဖြူလွလွလေးဖြစ်ပြီး အပြာရောင် ဒေစီပန်းပွင့်လေးများက လှပအောင် ဖြည့်စွက်ပေးထားသည်။
"ဒါတွေအကုန်လုံး CEO စီမံထားတာလား"
လှည့်မကြည့်ပဲ နောက်မှာရှိနေသည့် Mewကို သူမေးလိုက်သည်။
"ဒါပေါ့"
Mewရဲ့ ဖြေသံဆုံးတော့
"မိုက်တယ် လှလည်းလှတယ်"
"အင်း မင်းကြိုက်တယ်မို့လား"
"ကြိုက်တယ် ကြိုက်တယ် အရမ်းကြိုက်တာပေါ့"
ဘာကြောင့်မှန်းမသိ...Gulf ကြိုက်တယ်ဆိုတော့ Mew ကျေနပ်သည်။ စိတ်ထဲမှာလည်း ပျော်သလိုလို...
Gulf တစ်ယောက် အိမ်ထဲက အပြင်အဆင်တွေကို သဘောကျနေမိတော့သည်။ CEO ကို သူမချစ်ပေမဲ့ ဒီလိုပြင်ဆင်ထားတာတွေကို မြင်တော့ တကယ်ကြည်နူးမိသည်။
တွေးနေတုန်း Gulf နောက်ကျောဘက်မှာရပ်နေသော Mewက စကားစပြောလာသည်။
"ကဲ အဲ့တော့ မင်းနဲ့ငါက အတူတူအိပ်မှာလား ဒါမှမဟုတ် အခန်းခွဲမလား"
YOU ARE READING
"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"
FanfictionUnicode... မာနကြီးပြီး သတင်းထောက်တွေကိုရှောင်ကာ ဘယ်interviewကိုမှ လက်မခံတတ်သူ... CEO Mewနဲ့ မိဘစဥ်ဆက် ချမ်းသာသော်လည်း သတင်းထောက်အလုပ်ကို ဝါသနာပါသူ.. Gulfလေးတို့ ဘယ်လိုတွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလဲ....? Coming Soon..... Zawgyi... မာနကြီးပြီး သတင်းထော...