Ep 18

3.9K 243 0
                                    

Unicode...

ဘဲပေါက် သွားနားပြီဖြစ်ပေမဲ့ ကျွန်တော်ကတော့ ထိုင်နေဆဲ...။ တစ်ရက်တည်းနဲ့ တွေ့မြင်ကြားသိ ပြောင်းလဲကုန်တဲ့ အဖြစ်အပျက်တွေကြောင့် လူက မယုံနိုင်လောက်အောင် ဖြစ်နေမိသည်။

ဘဲပေါက်ကို ချစ်တယ်လို့ပြောချင်တာလေးက ဧည့်ခန်းထဲမှာ စကားပြောရင်း ဘယ်လိုအစဖော်ရမှန်းမသိအောင် ပျောက်သွားရသည်။

ဟူး...ဒါဟာ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမိုးကောင်းကင်မှာ ဖြစ်ပေါ်နေသည့် မုန်တိုင်းလား...လေပွေလား...ဘာပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက်ဖြစ်နေသည့် အတားအဆီးတွေဆိုတာတော့ သေချာသည်။

ဒီတော့ ဖြစ်သမျှအရာအားလုံးကို ရင်ဆိုင်ဖြေရှင်းပြီး ကြည်လင်ကင်းစင်တဲ့ မိုးသားပြင်ဖြစ်အောင်တော့ လုပ်ရမည်...။

ဘဲပေါက်ရေ..ကိုယ် မင်းကို တကယ်ချစ်နေတာမို့ ဘာတွေပဲဖြစ်လာလာ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်​အောင် လုပ်ပြီး မင်းနဲ့အတူသာယာတဲ့ အိမ်ထောင်ရေးလေး ဖြစ်အောင် ဖန်တီးပါ့မယ်နော်...မင်းကိုယ့်ကို ချစ်လာအောင်လည်း ကြိုးစားပါ့မယ်...
...................................................................

"ဝေ့ Gulf ရေ ငါတို့ရောက်ပြီ"

အသံကြားသည်နှင့် Gulf အိပ်ရာမှထထိုင်လိုက်ကာ ကုတင်ခေါင်းရင်းလေးကို မှီထားလိုက်သည်။ ဒီနေ့ Gulf သူငယ်ချင်းတွေအားလုံး အိမ်အလည်လာဖို့ ဖုန်းဆက်ထားခြင်းပင်...။ အကိုက ရုံးမသွားခင် နံနက်စာပြင်ပေးခဲ့တာကို Gulf နည်းနည်းပါးပါးသာ စားဖြစ်သည်။

အဖျားသွေးမရှိတော့ပေမဲ့ နေလို့မကောင်းသေးတာကြောင့် ဘာမှစားချင်စိတ်မရှိသော်လည်း အကို့ကို ချစ်နေတဲ့စိတ်က အကိုပြင်ပေးသော မနက်စာကို ဥပေက္ခာမပြုရက်နိုင်ခဲ့..။
ဘယ်လောက်ပဲ စိတ်ခုချင်တယ်ဆိုပေမဲ့ ချစ်တဲ့စိတ်က မလုပ်ရက်နိုင်ပေ...။

ထို့ကြောင့် အဆာပြေဝင်ရုံလေးစားပြီး ပြန်နားနေကာ Sun တို့ကို လာခဲ့ပေးဖို့ ဖုန်းဆက်ရင်းစောင့်နေခြင်းဖြစ်သည်။

ကိုကိုMildကို ခေါ်ချင်ပေမဲ့ သူလည်း အလုပ်ရှုပ်နေတာရယ်၊ သူငယ်ချင်းတွေက ပိုပြီး လွတ်လွတ်လပ်လပ်တိုင်ပင်လို့ရတာရယ်၊ ပြီးတော့ ကိုကို့ကို စိတ်အနှောင့်အယှက်မပေးချင်တာကြောင့်ပင်....။

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now