Unicode...
"ဟုတ်ပါတယ် ကိုယ်မှားမှန်းသိပါတယ်...တကယ်ဆို ကိုယ်ဘဲပေါက်ကို စပြီးမအော်ခဲ့သင့်ဘူး တကယ်ကိုတောင်းပန်ပါတယ် နောက်ထပ် ဒီလိုလက်ပါတာမျိုး မဖြစ်စေရဘူးလို့ ကတိပေးပါတယ်နော်"
"မယုံဘူး အဲ့လိုပြောတာနဲ့ ယုံလိုက်ရတော့မှာလား အင့် ဟင်း.."
အငိုတိတ်နေပေမဲ့ ရှိုက်သံလေးက ထွက်နေဆဲ...
"မဟုတ်ပါဘူး ဘဲပေါက်လေးရယ် ကိုယ်တကယ်ကို အနူးအညွတ်တောင်းပန်တာပါ"
"ကျွန်တော့်ကို ဟန်ဆောင်ကောင်းတယ် မင်းသားလုပ်စားလို့ရတယ်ဆို"
ဟင်း...ဘဲပေါက်ကတော့ စပါပြီ..
"အာ..အဲ့ဒါက ဘဲပေါက်လိမ်တာ အရမ်းပိရိပြီး ကိုယ်တကယ်ထင်သွားမိတာမို့ပါ"
ဖြေရှင်းသံအဆုံး...
"အတ္တကြီးတယ်..တစ်ကိုယ်ကောင်းဆန်တယ်ဆို အင့် ဟင်း..ဟင်း"
ရှိုက်နေတာကြောင့် မေးလေးနဲ့အတူ ခေါင်းလေးပါ လှုပ်နေသော ဘဲပေါက်ကို
"မဟုတ်လို့လား ဘဲပေါက်က ကိုယ့်ကိုအရမ်းချစ်ပြီး တစ်ယောက်တည်းမူပိုင်ချင်တဲ့ အတ္တလေးရှိတယ်လေ"
လုပ်ပြန်ပြီ..အဲ့အကို..သူပဲအကောင်းမြင်လိုက်..သူပဲစိတ်ဆိုးလိုက်နဲ့..တော်တော်တတ်နိုင်တယ်...
"မသိဘူး..မသိဘူး....ကျွန်တော့်ကိုလည်းရိုက်မလို့ရွယ်တယ် အော်လည်းအော်တယ် စွတ်စွဲပြီးပြောတဲ့ စကားတွေလည်း အများကြီးပြောသေးတယ်"
မျက်နှာလေးတစ်ဖက်လွှဲ၍ မဲ့ပြီး ပြောနေသော ဘဲပေါက်လေးရဲ့ လက်တစ်စုံကို ကျွန်တော့်လက်နှစ်ဖက်နဲ့ အုပ်မိုးကာ ဆုပ်ကိုင်လိုက်ပြီး ယဲ့ယဲ့လေးပြုံးကာ
"အာ့ဆို ကိုယ်ပြောပြမယ် ဖြေရှင်းတာလေး နားထောင်ပေးနော် အဓိကကို အရင်းစစ်တော့ အမြစ်က ကိုယ် interview လက်ခံတာကို ဘဲပေါက်လေးက မကြိုက်လို့မလား တကယ်ဆို ဖုန်းဆက်ကတည်းက ဘဲပေါက်လေး အရင်ကိုင်တာလေ"
"အင်း အင့် ဟင်း"
မျက်နှာလေးလွှဲလျက်ပင် နားထောင်နေပြီး တချက်ချက် ရှိုက်နေလိုက်သေးသည်။ ကျွန်တော် သူ့လက်ကို ဆုပ်ကိုင်ထားတာတော့ မဖယ်ပစ်ပေ....
YOU ARE READING
"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"
FanfictionUnicode... မာနကြီးပြီး သတင်းထောက်တွေကိုရှောင်ကာ ဘယ်interviewကိုမှ လက်မခံတတ်သူ... CEO Mewနဲ့ မိဘစဥ်ဆက် ချမ်းသာသော်လည်း သတင်းထောက်အလုပ်ကို ဝါသနာပါသူ.. Gulfလေးတို့ ဘယ်လိုတွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလဲ....? Coming Soon..... Zawgyi... မာနကြီးပြီး သတင်းထော...