Ep 6

4.7K 336 8
                                    

Unicode...

Gulf လက်ထပ်ပွဲက တစ်ပတ်နေရင် ကျင်းပတော့မှာမို့ ကိုကိုက မကျင်းပခင် သုံးရက်အလိုအရောက်လာမည်ဟု အကြောင်းကြားထားသည်။

ဒီတစ်ခုတော့ Gulf ပျော်သည်။ ကိုကိုနဲ့ခွဲနေရတာ ကြာပြီမို့လား.....။ လက်ထပ်ပွဲပြီးရင် နောက်တစ်လလောက်ဂျပန်မှာ မပြီးသေးသောပညာကို ဆုံးခန်းတိုင်အောင်သင်ပြီးရင် ဘန်ကောက်မှာပဲ မားတို့နှင့် ပြန်လာနေတော့မှာကို Gulf အရမ်းပျော်သည်။

လက်ထပ်ရတာကိုတော့ တကယ်ပင် မကျေနပ်.. ။ မလိုချင်လို့ထွက်ပြေးပါတယ်ဆို သူ့ကားထဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်နေတာကြောင့် မားက ချစ်သူတွေလို့ ထင်သွားတာကို ဘာမှမဖြေရှင်းသော ကိုကျောက်ရုပ်ကိုလည်း တကယ်ကို စိတ်တိုမိသည်...။

ဘာပဲဖြစ်ဖြစ် ဖြစ်လာသမျှ ကံတရားလို့သာ ပုံချလိုက်ချင်တော့သည်....။
...................................................................

The Wedding day,
At night,

"ဟေး Mew ငါတို့ဆီလာပါအုံးကွ"

အသံလာရာကိုကြည့်လိုက်တော့ သူ့သူငယ်ချင်းကြီးသုံးယောက်.....ချမ့်၊ ကွေးနဲ့ဆောင်း ပြီးတော့ ဘေးမှာ တခြားလူနှစ်ယောက်ပါသေးသည်။

ကွေးတို့သုံးယောက်က Mewနှင့် ငယ်ငယ်တည်းက သူငယ်ချင်းတွေဖြစ်သလို ခုကျောင်းပြီးတော့လည်း သူ့ company မှာ ရှယ်ယာဝင်ထားကြသူများပင်...။

Company မှာသာ အများဆုံးတွေ့ရပြီး အားချိန်မရှိသလောက်နည်းသည့် သူတို့သူငယ်ချင်းလေးယောက် စကားပြောဖို့ Mewသူတို့ဘေးက လွတ်နေတဲ့ ခုံမှာ ဝင်ထိုင်လိုက်ကာ

"မင်းတို့ကွာ ရောက်နေတာကြာပြီလား"

မေးသံနှင့်အတူ Mew ဝိုင်တစ်ခွက်ငှဲ့လိုက်သည်။ မနက်ပိုင်း မဂ်လာပွဲပြီးတော့ သူတို့ ညပိုင်းပါတီလုပ်နေခြင်းဖြစ်သည်။

"အေး ကြာပြီ"

"အဲ့ဒါများ ခုမှခေါ်ရသလား"

"မင်းတို့ကြည်နူးနေတာ မဖျက်ချင်လို့ပါကွာ ခုတောင် မင်းကောင်လေး သူ့မိဘတွေဝိုင်းရောက်နေလို့ မင်းကိုခေါ်တာ"

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now