Ep 8

4.5K 299 14
                                    

Unicode...

At morning, 6:30am,

မနက်ခင်းနေရောင်ခြည်ဖြာစ ပြုလာတော့ Mew ပုံမှန်နိုးနေကျအချိန် မျက်လုံးပွင့်လာသည်။ ဘေးက အကောင်ပေါက်လေးကို ကြည့်လိုက်တော့ သူ့ကို ကျောခိုင်းကာ အိပ်မောကျနေတုန်းပင်.....။

မနိုးသေးပဲ သူသာ အရင်ထကာ မျက်နှာသစ် ရေမိုးချိုးလိုက်သည်။ အဝတ်အစားလဲပြီးမှ 7:00 ထိုးနေပြီမို့ နိုးတော့သည်။

"ဘဲပေါက် ထတော့လေ"

"ဟင်"

အိပ်ချင်မူးတူးအသံဖြင့် ပြန်ထူးသော ဘဲပေါက်က ချစ်စရာကောင်းနေသည်။

"ထတော့ ဘဲပေါက် 7:00 ထိုး​ပြီ"

"အင်း ထပြီ ထပြီ"

Gulf အိပ်ရာပေါ်မှာ အကျောဆန့်ကာ မျက်လုံးများကို ပွတ်လိုက်သည်။  

"အကို နိုးနေတာကြာပြီလား"

"ဆိုပါတော့ 6 ခွဲက "

"အော် အာ့ဆို ခဏစောင့် ကျွန်တော်ပြီးရင် မနက်စာပြင်ပေးမယ်လေ"

"အင်းအင်း ရတယ် ဖြည်းဖြည်းလုပ်"

"ဟုတ်"
..................................................................

Gulf ရေချိုးနေစဥ် Mew ထမင်းစားခန်းထဲလာနေလိုက်သည်။ ဟင်းချက်စရာပစ္စည်းများအပြင် အသားကအစ အရွက်အဆုံး အကုန်လုံး freezer ထဲ အဆင်သင့်ရှိနေတာကြောင့် အပြင်ထွက် စျေးဝယ်စရာမလို....။

"အကို စောင့်ရတာ  ကြာသွားလား"

ဘဲပေါက်အသံကြားလိုက်ရတာကြောင့်

"အော် မကြာပါဘူး ဒါနဲ့ ဘာချက်မှာလဲ"

"အယ် ကျွန်တော် ဟင်းသိပ်မချက်တတ်ဘူးအကို"

"ရပါတယ် ဘဲပေါက်ရဲ့ googleက ကြည့်ချက်မယ်လေ ကိုယ်လည်း ဒီနေ့ ရုံးမသွားဘူး သုံးရက်နားမှာ"

"ဟုတ်လား ကျွန်တော်လည်း အလုပ်က ခွင့်ပေးထားတယ် တူတူချက်မယ်လေ"

ချစ်လို့ယူထားတာမဟုတ်ပေမဲ့ ဒီအချိန် အခိုက်အတန့်လေးက တကယ်ကြည်နူးဖို့ကောင်းလှသည်။

နှစ်ယောက်သား google ကြည့်ပြီးချက်မဲ့ဟင်းရွေးကြတော့သည်။

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now