Unicode...
စောင့်နေတာပဲကောင်းပါတယ်လေ...။ ကုတင်စွန်းလေးမှာ ထိုင်ကာ အကိုရေချိုးတာစောင့်နေလိုက်သည်။
ခဏကြာတော့ အကိုရေချိုးခန်းထဲက ထွက်လာသည်။ Gulf ခဏတာ သတိလက်လွတ်ငေးမိပြီး အကြည့်လွှဲလိုက်သည်။ အကိုက ရေသုတ်ကာ အကျီရွေးနေပြီး ဘာမှမပြောသေးတာကြောင့် Gulfပဲ စပြောလိုက်သည်။
"အကို ဘာပြောစရာရှိတာလဲဟင်"
Gulf ပြောတော့မှ အကိုက ဝတ်လက်စအကျီကို ကြယ်သီးကို တပ်နေရင်း သူ့ဘက်လှည့်ကာ
"ဘာပြောမှာလဲဆိုတော့ ခု ဂျာနယ်တိုက်သွားမလို့မလား"
"ဟုတ်တယ်လေ အကို"
"အင်း မသွားနဲ့တော့"
သူ့ကိုမော့မကြည့်ပဲပြောနေတဲ့အကို့ကို အံ့သြစွာ ကြည့်မိသည်။
ဟင်..ခု..အကိုက သူ့ကို ဂျာနယ်တိုက်မသွားခိုင်းတာလား..ဘာအတွက်လဲ..ဘာကြောင့်လဲ...။
"ဟမ် အကို ဘာပြောလိုက်တာ"
မျက်လုံးအပြူးသားနှင့် တအံတသြပြန်ပြောနေတဲ့ ဘဲပေါက်ကို Mew ကြည့်လိုက်ကာ
"ဘဲပေါက် ဂျာနယ်တိုက်သွားစရာမလိုတော့ဘူး သတင်းထောက်အလုပ်လည်း မလုပ်နဲ့တော့"
"ဘာ..ဘာလို့လဲ"
"မသွားတော့နဲ့ပါဆို ကိုယ်က ဘဲပေါက်ကို ကောင်းကောင်းထားနိုင်တာမို့ အလုပ်မလုပ်နဲ့တော့ အိမ်မှာပဲ အိမ်အလုပ်လုပ်"
မရဘူးလေ...သူက ဒီအလုပ်ကို ဝါသနာကြောင့် လုပ်နေတာကို...အကိုကဘာလဲ...
"ဒါပေမဲ့ ဒီအလုပ်က ဝါသနာပါတာလေ"
"ကဲ..ကိုယ်အလုပ်သွားတော့မယ် အိမ်မှာပဲနေနော်"
အကိုက စကားကို အပြီးဖြတ်ကာ company သွားတော့သည်။
"ဟွန့်"
Gulf မကျေနပ်စွာ နှုတ်ခမ်းဆူမိသည်။ ခု..ဘာလုပ်ရမှာလဲ..အကုန်ပြင်ဆင်ပြီးသားကို..မသွားပဲနေရမလား..သွားပဲသွားရမလား..
အာ..ဘာလဲကွာ...အလုပ်လည်း သွားချင်သည်။ အကို့စကားလည်း နားထောင်ချင်သည်။ ဝေခွဲမရဖြစ်နေတုန်း..ဖုန်းနှင့် ကင်မရာကို စားပွဲပေါ်ပြန်တင်ကာ အိပ်ရာပေါ် လှဲချလိုက်သည်။
YOU ARE READING
"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"
FanfictionUnicode... မာနကြီးပြီး သတင်းထောက်တွေကိုရှောင်ကာ ဘယ်interviewကိုမှ လက်မခံတတ်သူ... CEO Mewနဲ့ မိဘစဥ်ဆက် ချမ်းသာသော်လည်း သတင်းထောက်အလုပ်ကို ဝါသနာပါသူ.. Gulfလေးတို့ ဘယ်လိုတွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလဲ....? Coming Soon..... Zawgyi... မာနကြီးပြီး သတင်းထော...