Ep 2

5.5K 406 14
                                    

Unicode...

Gulf တစ်နေကုန် ဂျာနယ်တိုက်မှာလုပ်စရာရှိတာတွေ အကုန်လုပ်ပြီးတော့ ညနေ​စောင်းကာနီး
၌ အလုပ်တွေ အကုန်လက်စသတ်လိုက်သည်။

ညစာကို ငါးနာရီလောက်ကတည်းက အပြင်ထွက်စားလိုက်သည်။ CEO Mewတို့၏ ရှယ်ယာရှင်များတွေ့ဆုံ၍ မိတ်ဆုံစားပွဲက ခြောက်နာရီခွဲလောက်ဟု သတင်းရထားသောကြောင့်ပင်...။

Gulfတို့ ဂျာနယ်တိုက်နှင့် ရှယ်ယာရှင်မိတ်ဆုံစားပွဲပြုလုပ်မည့် Hotelက ဆိုင်ကယ်ဖြင့်ဆိုလျှင် နာရီဝက် 45မိနစ်သာသာလောက် မောင်းရသည်။

ထို့ပြင် တခြားသတင်းထောက်များထက် ဦးအောင်ရောက်နေမှ အဆင်ပြေမည်ဖြစ်ရာ ဆိုင်ကယ်မောင်းချိန်နှင့် တွက်၍ ညစာစောစောစားရခြင်းပင်...။

ညစာစားပြီးတော့ လွယ်နေကျအိတ်ကို စလွယ်သိုင်းလိုက်ကာ ထုံးစံအတိုင်း ကင်မရာကို လည်ပင်းမှာဆွဲ၍ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်သည်။

ဂျာနယ်တိုက်၏ ညာဘက်ထောင့်စွန်းစွန်း ပါကင်မှာ ရပ်ထားသော သူ၏ အချစ်တော် အနက်ရောင်ဟွန်ဒါလေးကို စက်နှိုးကာ လိုရာရောက်ရန် စိုင်းပြင်းတော့သည်။

သုံးဆယ့်ငါးမိနစ်လောက် ခါးညောင်းအောင်မောင်းပြီးချိန်တွင် မိတ်ဆုံစားပွဲလုပ်မည့် "Sweet Dream Hotel" ကို ရောက်လာသည်။

ပါးကင်မှာ ဆိုင်ကယ်ထိုးကာ အိတ်က သိပ်အရေးကြီးတာ မပါသည်မို့ ဆိုင်ကယ်မှာပဲ ချိတ်ထားခဲ့လိုက်သည်။

Hotelရဲ့ ဝင်ပေါက်က မှန်အကြည်မို့ အထဲကို မြင်နေရသည်။ ဝင်ပေါက်ရှေ့ရပ်ကာ ဝင်မည်ပြုစဉ် နောက်မှ ကားသံကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်သည်။

အနက်ရောင်ပါရာဒိုတစ်စီး ပါကင်ထိုးနေသည်ကို တွေ့ရသည်။ သူသိလိုက်သည်၊ ဒါက CEO Mewရဲ့ ကား.....

ထို့ကြောင့် ကားပါကင်ထိုးနေစဉ်မှာပင် ကားဘေးသွားကာ အဆင်သင့်ရပ်နေရန် စိတ်ကူးမိသည်။ တွေးမိသော အတွေးကို အကောင်အထည်ဖော်ရန် ဝင်ပေါက်မှ နောက်ပြန်လှည့်ကာ ကားဆီသွားလိုက်သည်။

ထိုစဉ် ထင်မှတ်မထားသော အခြင်းအရာတစ်ခု တပြိုင်နက်ဖြစ်လာသည်။ ကားလမ်းတဖက်မှ ကားရှိရာသို့ ကူးလာကြသော တခြားသတင်းထောက်များ.....

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Donde viven las historias. Descúbrelo ahora