Unicode...
"အန်တီ ခုခေတ်မှာ ယောကျာ်းလိုချင်ရင် ပိုက်ဆံရှိရင် ရတာသိလား"
စပါတော့သည်။ Kao ရဲ့ အောက်တန်းကျ မိန်းမဆန်သော ရွဲ့စောင်းမှုများ...
ရှေ့က ရေခဲမုန့်စားနေသော မိထွေးကို ပြောလိုက်တော့
"ဟယ် ဘယ်လို ဘယ်လို"
မိထွေးဖြစ်သူကလည်း ရေခဲမုန့်လည်း လက်ကမချ..Kaoကိုလည်း ပြန်မေးသည်။
"ဟုတ်တယ် ခုခေတ်မှာ ယောကျာ်းချင်းယူတာတွေ ဆန်းထလာတယ်လေ သိတယ်မလား"
သူမရေခဲမုန့်တစ်ဇွန်းခပ်စားလိုက်ကာ
"ဟယ် အဲ့ဒါတော့ ဟုတ်တယ် အဲ့လိုမျိုးတွေယူတာ ငါတွေ့ဖူးတယ်"
"ဟုတ်လား အန်တီ ကျွန်တော်လည်း တွေ့ဖူးတယ် ဒါပေမဲ့ ကျွန်တော်တွေ့ဖူးတာက အဲ့နှစ်ယောက်က ကြိုက်လို့မဟုတ်ဘူးတဲ့ တစ်ယောက်က တခြားတစ်ယောက်ကို ဝယ်တာဆိုလားပဲ"
Kao ကျောဘက်မှာထိုင်နေသော Gulfတစ်ယောက် စားလက်စရေခဲမုန့်က မြိုမကျတော့..
"အယ် ဘယ်လိုလဲဟ"
"ဟုတ်တယ် သိချင်လား"
"သိချင်တာပေါ့"
Gulf တမင်နားထောင်နေတာမဟုတ်ပေမဲ့ အလိုလိုကြားနေရတာကြောင့် အဆင်မပြေတော့...အရိပ်အခြည်သိသော အန်တီTing က အာရုံပြောင်းအောင် စကားပြောပေးသည်။
"Gulfလေး တော်ပြီလား စားအုံးလေ"
"အော် ဟုတ် စားပါတယ် စားတာများသွားလို့လားမသိဘူး နည်းနည်းအာခေါင်ထဲအေးပြီးထုံလာသလို ဖြစ်တာနဲ့"
"ဟုတ်လား အာ့ဆို မုန့်ပဲစားလေ ရေခဲမုန့်ကို လျှော့စားလိုက်"
"ဟုတ် အန်တီTing"
ကျောဘက်မှာထိုင်နေတဲ့ Gulf မသက်မသာဖြစ်နေမိတာ သိသော Kao ဆက်မပြောပဲ ရပ်ဖို့ စိတ်ကူးမရှိပါ...
"သိချင်ရင် ကျွန်တော်ပြောပြမယ်လေ"
"ဟဲ့ ငါ့လည်း ပြောပါအုံး ငါလည်းသိချင်တယ်"
ဟိုဘက်ဝိုင်းက Kao မိထွေးနှင့် ရွယ်တူမိန်းမတစ်ယောက်ကပါ Kao တို့ဝိုင်းဘက် ကူးလာကာ နားထောင်လေသည်။
YOU ARE READING
"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"
FanfictionUnicode... မာနကြီးပြီး သတင်းထောက်တွေကိုရှောင်ကာ ဘယ်interviewကိုမှ လက်မခံတတ်သူ... CEO Mewနဲ့ မိဘစဥ်ဆက် ချမ်းသာသော်လည်း သတင်းထောက်အလုပ်ကို ဝါသနာပါသူ.. Gulfလေးတို့ ဘယ်လိုတွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလဲ....? Coming Soon..... Zawgyi... မာနကြီးပြီး သတင်းထော...