Unicode...
Gulf အလုပ်မသွားတော့၊ အကို့စကားကို နားထောင်ကာ အိမ်မှာပဲ နေဖြစ်သည်။ ဘာပဲပြောပြော ချစ်ရသူစကားကို ဘာအကြောင်းပြချက်နဲ့မှ သူမလွန်ဆန်ချင်...။
တွေးနေရင်း ပြုံးမိပြန်သည်။ အကိုနဲ့နမ်းမိတာ နှစ်ကြိမ်ရှိပြီလေ...။ လက်ထပ်ကာစ ဟင်းချက်ရင်း ချော်လဲတုန်းက တစ်ခါ၊ ဟိုနေ့က သူစိတ်ကောက်ပြီး အိပ်ချင်ယောင်ဆောင်တုန်းက တစ်ခါ...အကိုများ Gulfကိုချစ်နေတာလား..အထင်နဲ့ ကြည်နူးရပြန်ပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် Gulfက ချစ်နေသူမို့ အကိုနမ်းတော့ ရင်ခုန်မိတာအမှန်...
📲📲📲
ကြည်နူးနေပါတယ်ဆို ဖုန်းကလာပြန်ပြီ...ကြည့်လိုက်တော့ ပြောမနာဆိုမနာ သူငယ်ချင်းကြီး Tar ဖြစ်နေသည်။
"အေး Tar ဘာကိစ္စရှိလို့လဲ"
"ဘာကိစ္စမှမဟုတ်ဘူး မင်းဆီအလည်လာချင်လို့"
ဟုတ်တာပေါ့...Gulfတို့ သူငယ်ချင်းတွေ မဂ်လာပွဲပြီးတည်းက မတွေ့တော့တာ ကြာပြီလေ....
"ဟာ ရတာပေါ့ မင်းတစ်ယောက်တည်းလား"
"မဟုတ်ဘူး ဟိုကောင်တွေပါ ခေါ်ခဲ့မှာ"
"ကောင်းတာပေါ့ လာခဲ့ ငါ့အိမ်မှာ ရေမီးအစုံပဲ လမ်းမှာဘာမှစားမလာနဲ့နော်"
"စိတ်ချစိတ်ချ မင်းဆီမှာ အဝတီးမှာ"
"အေးပါ အာ့ဆို ဒါပဲနော်"
အော် ဒီကောင်ဆိုသည်မှာ လာချင်တာ ဖုန်းဆက်နေရသေးတယ်...လာလိုက်ပြီးရောဟာကို...
Tarတို့လို့ ပြောရတာက Gulfရယ် Tarရယ်အပြင် တခြားလူတွေပါရှိသေးသည်မို့ပင်...။ ပွေဖိုင်း၊ တမ့်၊ Sun တို့လည်း တစ်အုပ်စုတည်း...။အထက်တန်းကျောင်းကတည်းက တွဲခဲ့တာမို့ တစ်ယောက်အကြောင်းတစ်ယောက်တော်တော်သိကြသည်။
ပွေဖိုင်းကလည်း မိန်းကလေးပေမဲ့ သူတို့နှင့် တော်တော်အတွဲညီသည်။ ဘယ်သွားသွား သူတို့အဖွဲ့က အမြဲအတူပင်...။ တစ်ယောက်မှလည်း ရည်းစားမရှိ..လုပ်ငန်းကိုယ်စီနှင့်ဖြစ်သွားကာ မတွေ့တာကြာနေပြီးမှ Gulfတစ်ယောက်တည်းချွန်ပြီး မဂ်လာထဆောင်တော့မှ သူတို့ ဆုံဖြစ်ကြသည်။
VOCÊ ESTÁ LENDO
"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"
FanficUnicode... မာနကြီးပြီး သတင်းထောက်တွေကိုရှောင်ကာ ဘယ်interviewကိုမှ လက်မခံတတ်သူ... CEO Mewနဲ့ မိဘစဥ်ဆက် ချမ်းသာသော်လည်း သတင်းထောက်အလုပ်ကို ဝါသနာပါသူ.. Gulfလေးတို့ ဘယ်လိုတွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလဲ....? Coming Soon..... Zawgyi... မာနကြီးပြီး သတင်းထော...