အပိုင်း၂

473 27 1
                                    

Unicode

                           အပိုင်း(၂)

EXOရဲ့ Don't Go သီချင်းသည် အခန်းငယ်ထဲပျံ့လွင့်လျက်။ ခပ်တိုးတိုးသီချင်းညည်းသံကိုလည်း ကြားရပြန်သည်။ စဉ့်တီတုံးပေါ်တွင် မုန်လာဥနီနဲ့ကြက်သွန်မြိတ်ကို တောက်တောက်စင်းနေသောကြောင့် တတောက်တောက်သံထွက်လာသည်။ ထို့နောက် ကြက်ဥနှစ်လုံးကိုဖောက် ကြက်သွန်မြိတ်၊မုန်လာဥရောမွေကာ ခလောက်လိုက်သည်။ ကြက်ဥလိပ်ကိုအဆင့်ဆင့်လုပ်ပြီးနောက် စားပွဲပေါ်သို့အသာချလိုက်သည်။ ဒယ်အိုးထဲမှ ထမင်းကြော်ကိုခပ်ကာ ထမင်းစားပွဲ၌ ထိုင်လိုက်စဉ် ဖုန်းသံထွက်ပေါ်လာသဖြင့်

"ဟယ်လို"

တစ်ဖက်ကအသံထွက်လာသည်။

"သွယ်မရေ သတင်းထူး။သတင်းထူး"

"ဘယ်နားမှာ ဘာဝါးနေပြန်ပြီ‌လဲ"

"Warမဟုတ်ဘူးဟ။ မော်သောက်ကျူ့ရှေး live actionအတွက် castsတွေထွက်လာပြီ"

ပါးစပ်ထဲထည့်မည့် ကြက်ဥလိပ်လေထဲတန့်သွားသည်။ 

"တကယ်!!! အာ့‌ဆိုဖုန်းချလိုက်တော့။ငါအခုလိုင်းပေါ်တက်ခဲ့မယ်။"

"ဟဲ့ကမ ငါတို့တွေ နင့်နားက Ice berryရောက်တော့မယ်။ ခုလာခဲ့။"

"‌အမ်‌ ရောက်တော့မှာ...." ရုတ်တရက်အသံပြတ်ထွက်သွားပြီး ဖုန်းကပါဝါကျသွားသည်ကိုတွေ့ရသည်။

ကျစ်...အရေးဟဲ့အကြောင်းဟဲ့ဆို ဘတ်ထရီကုန်ပြီ။ စားလက်စထမင်းကိုအမြန်စားလိုက်ပြီး ဖုန်းကိုအားသွင်းလိုက်သည်။ အမြန်ရေမိုးချိုးပြင်ဆင်၍ Iceberryသို့လစ်ရတော့သည်။ ‌၂၀%သာရှိသောဖုန်းဘတ်ထရီကို power bankနဲ့ အသက်ဆက်စေကာ လမ်းထိပ်သို့ထွက်လာသည်။ လူကူးကုန်းကျော်ပေါ်တက်ရန်ပြင်ချိန်တွင် ရဲများ၊စစ်သားများ‌ ကုန်းကျော်တံတားအောက်တွင် စောင့်နေတာကြောင့် ဂုတ်လေးအသာပုမိသည်။ အာဂ သွယ်‌တစ်ယောက် ကုပ်ချောင်းချောင်းနဲ့ တက်မည်လုပ်တော့

"ကလေးမ လမ်းကြောင်းလာမှာမို့ လူကူးမျဉ်းကြားကကူး"

ဝှက်!!!!!! လမ်းကြောင်းက တံတားအောက်က သူ့ကားနဲ့သူသွားမှာလေ။ ငါတို့ကတံတားပေါ်ကလေ။ ဘာဆိုင်လို့လဲ!! ထိုစကားများကိုရင်ထဲသာ ပြော၍ ဟုတ် ဟုအသံပြုကာ လူကူးမျဉ်းကြားထံသို့ ပြေးရလေသည်။ကြောက်တာကိုး။ လမ်းလယ်တုံးများ ကြား၌ရပ်နေ၍ တစ်ဖက်ကားအရှင်းစောင့်နေစဉ် ကားတစ်စီးသည် ‌ကွေ့ကာရှောင်ကာဖြင့် အရှိန်ဖြင့်မောင်းလာသည်။ ထိုကားသည် သွယ် ရပ်နေသော လမ်းလယ်တုံးဆီသို့ အရှိန်ဖြင့်ထိုးထွက်လာသောအခါ

ဖူးစာ ( Destiny)Where stories live. Discover now