Unicode
အပိုင်း(၃)"လုပ်ကြံသူသတင်း ဘာကြားသေးလဲ။"
"ကျွန်တော်တို့လူလွှတ်ပြီးစုံစမ်းနေပါတယ်။ စစ်သူကြီးရှောင်းကလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။"
"အင်း အရှင်ပဲလိုချင်တယ်"
"ဟုတ်ကဲ့ပါ မင်းကြီး"
အရိုအသေပေး၍ ကိုယ်ရံတော်တပ်မှူးထွက်သွားပြီးနောက်တွင် အထိန်းတော်ရှူ၀င်ရောက်လာသည်။"မင်းကြီး မင်းသမီးလေးသတိရလာပြီလို့ နန်းဆောင်မှ အကြောင်းကြားလာပါတယ်"
စာပေလိပ်တစ်ခုကိုဖတ်ရှု၍ လက်မှတ်ထိုးကာ လှမ်းကြည့်လာတဲ့ မင်းကြီး၀မ်ရိပေါ်။ ငယ်စဉ်ကကဲ့သို့ မျက်ခုံးမွှေးတန်းတန်းနဲ့ သိမ်းငှက်မျက်လုံးလေးသည် မပြောင်းလဲ။ခပ်တင်းတင်းစိထားသော နှုတ်ခမ်းပါးလေးနှင့်အတူ မေးရိုးထင်းထင်းသည် ခန့်ညားလှသောအသွင်ကိုဆောင်စေသည်။ ယခင်က လုံးတုပ်တုပ်မင်းသားလေး၀မ်ရိပေါ်မှသည် ထက်မြက်၍ဩဇာညောင်းသော မင်းကြီး၀မ်ရိပေါ်ဖြစ်လာခဲ့ပြီ။
အထိန်းတော်ရှု အတွေးနှင့်ဂုဏ်ဆာနေသည်မှာ "အဲ့မှာပဲရပ်နေတော့မှာလား" ဟူသောအသံကြောင့် ရပ်တန့်သွားသည်။ လှမ်းကြည့်တော့ မင်းကြီးကအပေါက်၀ရောက်နှင့်နေပြီး မိမိကို ခပ်စူးစူးကြည့်နေသည်ကို တွေ့ရသည်။ စိတ်မြန်လက်မြန်မင်းကြီးနဲ့ခက်တော့တာပဲ။
__________________________________________
ပြေးကြည့်ကာမှ တစ်ယောက်တည်းရှိသော ညီမငယ်ကို ၀မ်ရိပေါ်တကယ်ပင် စိတ်ပူသည်။တော်၀င်မင်းသမီးတစ်ပါးသာ ဆိုသည် ၊လူအရမ်းကြောက်သည်။ မယ်တော်နှင့်အစ်ကိုတော်နှင့်သာ စကားပြောသည်။အထိန်းတော်နှင့်တောင် ပြောစရာရှိမှပြောသည့်သူ။ အမြဲအခန်းအောင်းပြီး စာဖတ်၊ချည်အလှထိုးနေတတ်သည်။ အခုတော့ ခမည်းတော်နှစ်ပတ်လည်အတွက် တော်၀င်သင်္ချိုင်းကို
ဂါရ၀သွားပြုရာမှအပြန် လုပ်ကြံသူတွေကြောင့် မြင်းလှည်းလန့်ကာ လှည်းပေါ်မှပြုတ်ကျသည်။ အသည်းငယ်သောညီမသည် သတိလစ်သွားပြီးနှစ်ရက်အကြာမှ သတိရလာသည်။အဆောင်နားရောက်ခိုက်တွင် အသံအကျယ်ကြိးဖြင့် ငိုသံကိုကြားလိုက်ရသဖြင့် ခြေလှမ်းသွက်သွက်ဖြင့် အဆောင်ထဲ၀င်သွားတော့ မယ်တော့်ကိုဖက်ငိုနေသည့် ညီမတော်။ အဆင်ပြေရဲ့လားမေးတော့ အူလည်လည်ဖြင့် မယ်တော့်ကိုကြည့်လိုက်၊သူ့ကြည့်လိုက်ဖြင့် အလုပ်များနေသေးသည်။ခေါင်းများထိသွားပြီလား??

YOU ARE READING
ဖူးစာ ( Destiny)
Ficción históricaသတ်မှတ်ထားပြီးသား ကံကြမ္မာတစ်ခုကို ရှောင်လွှဲလို့မရဘူး။ ပြင်ဆင်လို့မရဘူး။ တွေ့ချိန်တန်ရင်တွေ့လို့ နှုတ်ဆက်ချိန်တန်ရင် နှုတ်ဆက်ရမှာပဲ။ ၂၁ရာစုကမိန်းကလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုကြောင့် တရုတ်ရှေးဟောင်းနန်းတွင်းခေတ်ကိုရောက်သောအခါ အောင်သွယ်ပေးချင...