zawgyi
အပိုင်း(၁၀)
ယွဲ့အာပြန်သွားသည်အထိ မျက်နှာထားတည်တင်းနေသော ၀မ်ရိပေါ်။ ရှောင်းကျန့်လည်း ရိပေါ်မျက်နှာကိုကြည့်၍ စိတ်မသက်မသာဖြစ်နေပုံရသည်။ ရှောင်းကျန့် စားပွဲပေါ်ရှိ ကြွေရေနွေးခရားထဲမှ ရေနွေးအချို့ကို ကြွေခွက်လေးသို့ ငှဲ့ထည့်၍
"စိတ်လျှော့ပါဦး။ အခုလည်း ဘေးမသီရန်မခပြန်ရောက်လာပြီလေ"
ရိပေါ် ရှောင်းကျန့်အသံကြားခါမှ သတိပြန်ဝင်လာသော်လည်း မိမိရှေ့ရောက်လာသောရေနွေးးခွက်ကြောင့် တဖန်အသိလွတ်ပြန်သည်။ ရေနွေးလေးကြောင့်ထင်ပ။ ရိပေါ်ရဲ့ရင်ထဲမှာ နွေးခနဲ။
ရှောင်းကျန့်မျက်နှာကို ကြည့်လိုက်တော့ မျက်လုံးချင်း မဆုံအောင်ရှောင်နေသည်ကို တွေ့ရလေသည်။ဓားကိုင်၊မြှားဆွဲ၊ရဲစွမ်းပြည့်သော အသက်၂၉နှစ်အရွယ် ယောကျာ်းတစ်ယောက်၏ အရှက်သည်းမှုကို အသက်၂၃နှစ်အရွယ်မင်းကြီးသည် မျက်လုံးတောင်မလွှဲနိုင်ဖြစ်ရသည်။ ကျန့်ကောငှဲ့ပေးတဲ့ရေနွေးကို တ၀ကြီးမော့လိုက်တော့
"အဟွတ် အဟွတ်"
ရိပေါ်မင်းကြီး မင်းကြီးရိပေါ် ရေသီးသွားလေပြီ။
"အယ် မင်းကြီး အဆင်ပြေရဲ့လား"
ရှောင်းကျန့် လက်ကိုင်ပဝါလေးကို ထုတ်၍ ရေနွေးမှောက်ကျသွားခြင်းကြောင့် စိုသွားသောလက်ကို ကိုင်၍ သုတ်ပေးမိသည်။ တုံ့ပြန်မှုမရှိ ကျောက်ရုပ်ကဲ့သို့ ငြိမ်နေခြင်းကြောင့် သူမော့ကြည့်လိုက်တော့ နားရွက်ဖျားတွေထိရဲတက်ကာ ရှက်နေသော သူ၏မင်းကြီး။ ရှောင်းကျန့်လက်ကို အသာရုတ်တော့ ပဝါလေးက ကြမ်းပြင်ပေါ်ကျသွားသည်။"ကျွန်တော်မျိုး အပြုအမူတွေအတွက် တောင်းပန်ပါတယ် မင်းကြီး။ သွားခွင့်ပြုပါဦး"
ခွင့်တောင်းကာ အမြန်ထွက်သွားလေသည်။ရှောင်းကျန့်အပြင်ရောက်မှ သတိဝင်တဲ့မင်းကြီးရိပေါ်။ သူ၏လက်တွင် ကျန့်ကောရဲ့လက်နွေးနွေးလေးကို ခံစားမိနေတုန်း။ လက်ချောင်းရှည်ရှည်သွယ်သွယ်လေးက သူ၏လက်ပေါ်အုပ်မိုးလာချိန် ရင်ခုန်နေသည်မှာ နန်းတွင်းသဘင်အဖွဲ့ရင်ထဲလာတီးနေသလိုပင်။ သူ၏ရင်ခုန်သံကို ကျန့်ကောကြားသွားမှာတောင် စိုးရိမ်မိသည်။ အထိန်းအကွပ်မဲ့သောင်းကျန်းနေသော ရင်ဘတ်ထဲမှအရာကို တဘုန်းဘုန်းထု၍ သတိပေးထိန်းချုပ်နေရင်း ကြမ်းကိုအကြည့်ရောက်တော့ ကျန့်ကောရဲ့ လက်ကိုင်ပဝါလေး။ ပန်းထိုးအလှဆင်၊အရောင်နုများနှင့် မဟုတ်ဘဲ ရိုးရိုးလေးဖြင့် အဖြူထည်ပဝါလေး။ ရိပေါ် ကောက်၍ အင်္ကျီရင်ဘတ်အတွင်းသို့ တယုတယသိမ်းထားလိုက်သည်။ တဆက်တည်းပင် ယခင်ကအမျိုးအမည်မသိခံစားချက်ကို "အချစ်"ဟူ၍ ယခုအခါ ခေါင်းစဉ်တပ်လိုက်ကာ သူချစ်မိနေပြီကို တိတ်တဆိတ်ဝန်ခံလိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ရှောင်းကျန့် မျက်နှာပူစွာဖြင့် ထွက်လာသည်မှာ အိမ်တော်ရှေ့ပင်ရောက်လာခဲ့သည်။ အိမ်ထဲသို့ မ၀င်နိုင်ဘဲ အိမ်ရှေ့မှာပင် လက်နှစ်ဖက်ကို ပွတ်ကာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေခြင်းကြောင့် အပေါက်ဝရှိ ဂိတ်စောင့်နှစ်ယောက် မျက်စိပင်နောက်လာသည်။ လမ်းလျှောက်ရင်း ရုတ်တရက် အိမ်တော်လှေကားထစ်မှာ ထိုင်ချလိုက်သော ရှောင်းကျန့်သည် "ဘာလို့ရေနွေးငှဲ့ပေးလိုက်တာတုန်း!! လက်ကိုင်စရာအကြောင်းမှမရှိပဲကို ဘာလို့...." ဟူ၍ တဖွဖွရေရွတ်နေသေးသည်။ အညိုစင်အသားအရည်ရှိသူမို့ မျက်နှာကြီးရဲပတောင်းခတ်နေသည်ကို တခြားသူတြွေမင်မည်မဟုတ်ချေ။ အသားဖြူသူဆိုလျှင်~~~
YOU ARE READING
ဖူးစာ ( Destiny)
أدب تاريخيသတ်မှတ်ထားပြီးသား ကံကြမ္မာတစ်ခုကို ရှောင်လွှဲလို့မရဘူး။ ပြင်ဆင်လို့မရဘူး။ တွေ့ချိန်တန်ရင်တွေ့လို့ နှုတ်ဆက်ချိန်တန်ရင် နှုတ်ဆက်ရမှာပဲ။ ၂၁ရာစုကမိန်းကလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုကြောင့် တရုတ်ရှေးဟောင်းနန်းတွင်းခေတ်ကိုရောက်သောအခါ အောင်သွယ်ပေးချင...