အပိုင်း ၁၄

316 15 3
                                    

                             အပိုင်း(၁၄)

ဂိုဏ်းချုပ်အဘိုးကြီးခေါ်ဆောင်လာသည်က သူ၏အတွင်းခန်း။ ထိုအခန်းတွင် စားပွဲရှည်ကြီးတစ်ခု ခင်းကျင်းထားပြီး စားပွဲထိပ်ဆုံး၌ ၀မ်ရိပေါ်ကို ထိုင်စေသည်။ ထို့နောက်

"ကျွန်တော်မျိုးရဲ့တပည့်က အရှင်မင်းကြီးကို မသိ၍ ရိုင်းပြမိပါတယ်။ ခွင့်လွှတ်ပေးတော်မူပါ"

အရိပ်အကဲဖတ်တာမြန်လှသော ဂိုဏ်းချုပ်ကို ၀မ်ရိပေါ်  အသိအမှတ်ပြုလိုက်သည်။

"ကျွန်တော်မျိုးတို့ရဲ့ဂိုဏ်းကို အဘယ်အကြောင်းကိစ္စများရှိလို့ ကိုယ်တိုင်ကြွလာပါသလဲမင်းကြီး"

"ဂိုဏ်းချုပ်ကြီးက အကဲခတ်မြန်တာပဲ။ လာရင်းကိစ္စကို မခန့်မှန်းနိုင်ဘူးဆိုတာ ကိုယ်တော်မယုံဘူး"

"ကျွန်တော်မျိုး ထီးရေး၊နန်းရေးတွေနဲ့ မပတ်သတ်ချင်ပါဘူးဘုရား"

"ကိုယ်တော်က စကားကိုတည့်ပြောတာပဲကြိုက်တယ်။ ဒီဂိုဏ်း လက်ရှိကြုံနေရတဲ့အခက်အခဲနဲ့ ငါကိုယ်တော်ကိုင်တွယ်နေရတဲ့ အခက်အခဲက အတူတူပဲ။ ဆိုတော့ ဦးတည်ချက်တူတူခြင်းကို ပူးပေါင်းလုပ်ဆောင်လိုက်တာ အလုပ်တွင်မှာမဟုတ်ဘူးလား"

"ကျွန်တော်မျိုး အတင့်ရဲစွာနှင့် လျှောက်တင်ပါတယ်။ ဂိုဏ်းသစ်ထွက်ပေါ်လာခြင်းဟာ အာဏာကြီးသူတွေ ၀င်ရောက်လက်လျှိုထားတာပါပဲ။ အထူးသဖြင့် နန်းတွင်းကသူတွေ။ ဒီအကြောင်းပြချက်တစ်ခုတည်းနဲ့ အရှင်မင်းကြီးရဲ့ အမိန့်ကို ငြင်းဆန်ပါရစေ"

ထိုစကားတို့ကို ပြောသော ဂိုဏ်းချုပ်ကြီး၏မျက်နှာသည် ပြတ်သားခိုင်မာလျက်။ နားထောင်နေသော ၀မ်ရိပေါ်၏မျက်လုံးတို့သည်  စူးရှခက်ထန်လျက်။ ရှောင်းကျန့် တစ်ချိန်လုံးငြိမ်သက်နေခဲ့ပေမယ့် ယခုတင်းမာသော အခြေအနေကို ​ဖြေလျော့ရန်စကားစမည်အပြု

"အပေးအယူလို့ပြောရင် နားခါးတယ်။ နှစ်ဦးနှစ်ဖက်အကျိုးရှိတာလုပ်ရအောင်" ၀မ်ရိပေါ်ကပြောလိုက်ခြင်း။ ရှောင်းကျန့်နှင့် ဂိုဏ်းချုပ်အဘိုးကြီးတို့ အကြည့်တို့သည် ၀မ်ရိပေါ်ထံ၌။

ဖူးစာ ( Destiny)Where stories live. Discover now