Zawgyi
အပိုင်း(၈)"ယွီသခင်လေး ပြောပုံအရဆို ကျောက်ချင်းယဲ့က သတ္တိရှိလွန်းနေတာပဲ။ ယုံကြည်ချက်လွန်ကဲတယ်လို့ဆိုရမယ်။" ကိုယ်ရံတော်တပ်မှူးချင်က ဆိုသည်။
ကိုယ်ရံတော်တပ်မှူးချင် ဆိုသည်မှာ မင်းကြီးဝမ်ရိပေါ်၏ လူယုံတစ်ဦးပင်ဖြစ်သည်။ လုပ်ကြံသူနှင့် ဓားချင်းယှဉ်တိုက်ခဲ့သူလည်းဖြစ်သည်။
"အကဲစမ်းတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်"
ရှောင်းကျန့် ပြောလိုက်ခြင်းဖြစ်သည်။
"လုပ်ကြံသူကလည်း ဆယ်ယောက်ဆိုတော့ကျောက်ချင်းယဲ့က လွိအင်ပါယာထဲကိုတောင် လုပ်ကြံသူလွှတ်နိုင်တယ် ဆိုတာကို မင်းကြီးကို ပြချင်တာလည်းဖြစ်နိုင်ပါတယ်"၀မ်ရိပေါ်ခေါင်းငြိမ့်လိုက်ရင်း
"တပ်မှူးချင် လုပ်ကြံသူတွေရဲ့ဓားရေးဟာ ဘယ်လိုအခြေအနေရှိလဲ"
"အဆင်မြင့် တပ်သားတွေပါ။ ဒါပေမဲ့ အတွေ့အကြုံမရှိကြသေးပါဘူး" နန်းတွင်းတပ်ကို ကွပ်ကဲသူပီပီ ဓားရေးအဆင့်အတန်းကို အတိအကျခန့်မှန်းနိုင်သည်။
"ယွီပင်း.. ကျောက်ချင်းယဲ့က မြေအောက်ဂိုဏ်းတွေကို လက်ဝါးကြီးအုပ်နိုင်တယ်ဆိုတော့ ယန်နိုင်ငံမှာ ကြီးစိုးနေတဲ့ဂိုဏ်းရှိလား" ရိပေါ်ကမေးတော့ ယွီပင်းကမျက်မှောင်တစ်ချက်ကြုံ့ကာ
"ရှိတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့လေးနှစ်လောက်ကတည်းက ငြိမ်သွားတာ ခုထက်ထိပဲ။ တစ်ချို့က ဂိုဏ်းပျက်သွားတယ်လို့ပြောတယ်။ ဘယ်သူမှ အဲ့ဒီဂိုဏ်းအကြောင်း စုံစမ်းလို့မရဘူး"
ရိပေါ် မျက်ရိုးတို့ကို ဘယ်လက်ဖြင့် အသာဖိနှိပ်ရင်းမှ " တပ်မှူးချင် လွတ်သွားတဲ့တစ်ယောက်က ဘယ်နေရာမှာ ခြေရာပျောက်သွားတာလဲ"
"ရှီချွမ်တစ်ဝိုက်မှာပါ"
"ရှီချွမ်... ရှီချွမ်ဆိုရင် ကျွန်တော့်လူတွေရှိတာမို့ ကူညီပေးနိုင်ပါတယ်"ဟု ရှောင်းကျန့်ကဆိုလာသည်။
"ဒါဆို ရှောင်းစစ်သူကြီးက ရှီချွမ်ဘက်ကို တာဝန်ယူပေးပါ။ တပ်မှူးချင်က ဆိပ်ကမ်းနယ်တစ်ဝိုက်ကို တိတ်တဆိတ်လူလွှတ်ထားပါ။ အချိန်နဲ့တပြေးညီ သတင်းပို့ပါ။ ယွီပင်းတော့ ယန်နိုင်ငံအတွင်း တာဝန်ယူပေးပါ။"
YOU ARE READING
ဖူးစာ ( Destiny)
Historical Fictionသတ်မှတ်ထားပြီးသား ကံကြမ္မာတစ်ခုကို ရှောင်လွှဲလို့မရဘူး။ ပြင်ဆင်လို့မရဘူး။ တွေ့ချိန်တန်ရင်တွေ့လို့ နှုတ်ဆက်ချိန်တန်ရင် နှုတ်ဆက်ရမှာပဲ။ ၂၁ရာစုကမိန်းကလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုကြောင့် တရုတ်ရှေးဟောင်းနန်းတွင်းခေတ်ကိုရောက်သောအခါ အောင်သွယ်ပေးချင...