zawgyi
အပိုင်း(၉)
မြို့တော်ဈေးကြီးသည် ပစ္စည်းအမျိုးမျိုးဖြင့် စုံလင်ပြီး ဈေးသည်တို့ရဲ့ အသံများက လျှံကျနေသည်။
"ဝေါင်း....တီဗီထဲကအတိုင်းပဲ။ အယ်...လောင်ပန် ဒီမုန့်ဘယ်လောက်လဲ""ငွေတစ်စပါ မမလေး"
"တစ်ခုပေးပါ" ဟုဆိုကာ အင်္ကျီအတွင်းမှ ငွေထုပ်ကိုယူကာ ငွေရှင်းလိုက်သည်။ ယွဲ့အာသည် အပျံသင်ခါစ ငှက်ကလေးကဲ့သို့ပင် မကြောက်မလန့် နန်းပြင်ခိုးထွက်လာခြင်းဖြစ်သည်။ တစ်နေရာတည်းမှာ ငြိမ်ငြိမ်မနေတတ်သူဖြစ်သောကြောင့် နန်းတွင်းထဲမှာ အလွန်ပျင်းလှပြီ။
တစ်နေရာအရောက် လူငယ်နှစ်ယောက်သည် ကောင်လေးသေးသေးလေးထံမှ ပိုက်ဆံလုယူနေသည်ကို တွေ့လိုက်ရသည်။ဟင့်!! အချောင်သမားတွေ..။ စိတ်ထက်လက်ကမြန်သူမို့ ပေါက်စီရောင်းတဲ့တွန်းလှည်းထံမှ ဒလိမ့်တုံးကို ဆွဲယူကာ အနိုင်ကျင့်တဲ့နှစ်ယောက်ထံသို့ တစ်ချက်စီ ကျွေးပေးလိုက်သည်။
ရုတ်တရက်အရိုက်ခံလိုက်ရသဖြင့် ဒေါသထွက်နေရာမှ ရိုက်တဲ့သူက မိန်းကလေးဆိုတော့ လောင်စာပေါ်မီးတုတ်ကျသကဲ့သို့ဖြစ်သွားသည်။ စွာစိလန်ယွဲ့အာတစ်ယောက် ကောင်လေးကိုနောက်ပို့ကာ လက်ကဒလိမ့်တုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ဒီမှာ!! လေ့ကျင့်ရေးကွင်းကို သွားသွားချောင်းကြည့်နေတာ အလကားမဟုတ်ဘူး။ တပ်မှူးချင်ကိုကြည့်ရင်း သိုင်းကွက်လေးလည်းမှတ်ရင်း ဟင်းဟင်း။ အခုတော့ တွေ့ပြီပေါ့။ လက်စလက်နပြပစ်မယ်။
"အဟမ်း"
ချောင်းဟန့်သံကြားတော့ ကြည့်လိုက်ရာ ရှောင်းကျန့်ဖြစ်နေသည်။အဖော်တစ်ယောက်ပါ ပါလာပြီမို့ ယွဲ့အာပိုရဲတင်းကာ "လာလေ" ဟုတောင် စိန်ခေါ်လိုက်သေးသည်။ ရှောင်းကျန့်လည်း "မနိုင်ဘူး"ဟုရေရွတ်၍ ပြုံးလျက် ထိုကောင်လေးနှစ်ယောက်ကို လက်ပြ၍ထွက်သွားစေသည်။ သူ၏၀တ်စားပုံ၊အကြည့်တို့က ရှိန်စရာမို့ ထိုနှစ်ကောင်လည်း လှစ်ခနဲပြေးလေသည်။ ထိုအခါမှ ယွဲ့အာက ကောင်လေးကို သူ့နေရာသို့ပြန်ရန်ပြောပြီး မုန့်ဝယ်ပေးလိုက်တော့သည်။
YOU ARE READING
ဖူးစာ ( Destiny)
Fiksi Sejarahသတ်မှတ်ထားပြီးသား ကံကြမ္မာတစ်ခုကို ရှောင်လွှဲလို့မရဘူး။ ပြင်ဆင်လို့မရဘူး။ တွေ့ချိန်တန်ရင်တွေ့လို့ နှုတ်ဆက်ချိန်တန်ရင် နှုတ်ဆက်ရမှာပဲ။ ၂၁ရာစုကမိန်းကလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုကြောင့် တရုတ်ရှေးဟောင်းနန်းတွင်းခေတ်ကိုရောက်သောအခါ အောင်သွယ်ပေးချင...