အပိုင်း၇

233 17 3
                                    

Zawgyi

                            အပိုင်း(၇)

ဥယျာဉ်ထဲသို့ ရောက်လာသောအခါ ရှောင်းကျန့်ကြောင်လေးကို လိုက်ရှာမိသည်။ ဟော...အခုတော့ တွေ့ရပါပြီ။ ကြောင်လေးတော့မဟုတ်။ ၀မ်ရိပေါ်။ ၀တ်စုံမလဲရသေးသောကြောင့်ညီလာခံပြီးပြီးချင်း ဒီမှာလာထိုင်နေပုံရသည်။
ဘာကြောင့်ရယ်မှန်းမသိ တိတ်တဆိတ်လှည့်ပြန်ရန် ကြိုးစားမိတော့ လှည့်ကြည့်လာသော ၀မ်ရိပေါ်။ တစ်စက္ကန့်၊နှစ်စက္ကန့်မှသည် ဆယ်စက္ကန့်ကြာ အကြည့်ချင်းဆုံမိတော့ ရှောင်းကျန့်ဦးစွာအကြည့်လွှဲမိသည်။ နောက်ပြီးအသာပြုံးကာလှမ်းကြည့်တော့ အပြုံးပိစိလေးတင်ထားတဲ့ မျက်နှာတော်။ သူ အနားသို့သွားကာ

"မင်းကြီး"

"ရှောင်းစစ်သူကြီး ဒီကိုဘယ်လိုရောက်လာတာလဲ"

"ဟို ကျွန်တော်မျိုး ကြောင်လေးတစ်ကောင်တွေ့မိလို့ လိုက်ကြည့်တာပါ"
ဝမ်ရိပေါ်ကိုလှမ်းကြည့်တော့
သွားဖွေးဖွေးတို့ကိုပေါ်အောင် ပြုံး၍ကြည့်နေသည်ကို မြင်ရသဖြင့် ရှောင်းကျန့်မျက်နှာနွေးခနဲ ဖြစ်သွားသည်။ စစ်သူကြီးပဲ ကြောင်ချစ်လို့မရဘူးလား။ ဘယ်လိုကြည့်ပြီးရယ်နေတာလည်းမသိဘူး ပေါက်စကတော့!!!

"ကြောင်လေးကခုနလေးတင် သွားပြီ"

"သွားပြီ!!"

"အင်း ကျွန်တော်မွေးထားတဲ့ကြောင်လေးပါ။ သူကသိပ်ကဲတာ သိပ်လည်းလည်တယ်။ နန်းတော်ရဲ့ ဘယ်နေရာမဆိုသိတယ်။အခုလည်း ထမင်းမစားဘဲ လျှောက်သွားနေလို့ အပျိုတော်တွေကို ထိန်းခိုင်းထားဝာ။ ကျန့်ကောက အရင်ကလိုပဲ ကြောင်လေးတွေချစ်တုန်းပဲပေါ့။"

ရိပေါ်၏ တရင်းတနှီးလေသံနှင့်အတူ ကျန့်ကော ဟုခေါ်သံကြောင့် ရှောင်းကျန့်မျက်လုံးအပြူးသားဖြစ်သွားသည်။ ၀မ်ရွေးချေကတော့ နားလည်ဟန်ဖြင့်

"ကျန့်ကောနဲ့ကျွန်တော်နဲ့က သိတာကြာပြီလေ။ စကားကတော့ ကောင်းကောင်းမပြောဖူးပေမဲ့"
အသာအယာပြုံး၍ပြောလာသည်။
"နောက်ပြီး ကျွန်တော့အသက်ကို ကယ်ထားတယ်မလား။ ဖြစ်နိုင်ရင် ရင်းရင်းနှီးနှီးနဲ့ပြောဆိုရအောင်"

ဖူးစာ ( Destiny)Where stories live. Discover now