Zawgyi
အပိုင်း(၅)
လဘ္ဘရည်ဆောင်တွင် ဖြစ်သည်။
"ယွဲ့အာ စောင့်နေရတာ ကြာပြီလား""မဟုတ်ပါဘူး။ ညီမလည်း ရောက်တာမကြာသေးပါဘူး။"
"အထူးအဆန်း အစ်ကို့ဆီ ဘာလို့လာတာလဲ"
ယွဲ့အာ အထိန်းတော်ထံမှာ သစ်သားချိုင့်ကြီးကိုယူ၍
"မယ်တော်နဲ့ အစ်ကိုတော်အတွက် ဖက်ထုပ်လာပို့တာပါ"ရေနွေးကြမ်းသောက်နေသော ၀မ်ရိပေါ်က
"ယွဲ့အာ နင် သူများလက်ရာနဲ့ ငါ့ကိုမျက်နှာလာလုပ်တယ်ပေါ့။ ဆိုပါဦး ဘာလိုချင်လို့လဲ။ နန်းပြင်ထွက်မယ့် ကိစ္စဆိုရင်တော့ မရဘူး။""အယ် အစ်ကိုမင်းကြီးကတော့ စိတ်ချည်းပဲ။ ညီမလေးပြောတာလည်း နားမထောင်ဘူး။ ဘယ်သူပြောလဲ အဲ့ဖက်ထုပ်တွေက သူများလုပ်တယ်လို့။ အစ်ကိုမင်းကြီး စားဖိုဆောင်က စားဖိုမှူးတွေက ညီမလေးလောက်တောင် အစပ်အဟပ်မတော်ပါဘူး။ ဒီဖက်ထုပ်က ကိုယ်တိုင်လုပ်လာတာ။ ဘ၀မှာ အကျွမ်းကျင်ဆုံးက ကြက်ဥကြော်ရယ် ရေညှိထမင်းလိပ်ရယ် ဖက်ထုပ်လုပ်ရတာပဲ။ ပြီးတော့ နန်းပြင်လည်းမထွက်ရဲပါဘူး။ ညီမလေးကိုလုပ်ကြံကြတာဆို တလောကလေ။ အဲ့တာကိုထွက်စရာလား။အသက်က အပိုမှမပါဘဲ။"
ပြောရင်းဆိုရင်း စားပွဲပေါ်မှာ ရေနွေးကြမ်းကိုမော့ပစ်လိုက်သည်။ "ဂွပ်"... အားပါပါနှင့် ရေနွေးခွက်ကိုချလိုက်သည်။ဝမ်ရိပေါ်နှင့်တကွ အခန်းထဲရှိလူများ ပါးစပ်ဟောင်းလောင်း။ အထိန်းတော်ရှူဆို အသက်ရှူဖို့မေ့နေသည်။ ရေခဲတုံးမင်းသမီးက တစ်ထိုင်တည်းစကားတွေအများကြီး ပြောတယ်။နောက်ပြီး နောက်ပြီး..... မင်းကြီးကို တစ်ခွန်းမကျန်ပြန်ပြောတယ်။ မုန့်ကလည်း ကိုယ်တိုင်လုပ်တယ်ဆိုပဲ။ အိုက်ယား လောကမှာရှိတဲ့ အားနေတဲ့နတ်မှန်သမျှ လာကယ်ပါဦး။
ရိပေါ်သည်လည်း ရှေ့မှညီမတော်ကို သေချာအကဲခတ်ရသည်။ ဘာလို့ဒီလောက်ထိပြောင်းလဲသွားတာတုန်း!!
အခန်းထဲမှ အခြေအနေကို ယွဲ့အာတစ်ယောက်သိရှိလာသောအခါ အလျှင်အမြန်ပင် မျက်နှာချိုသွေးရတော့သည်။ အသံကလည်း ခုနကလိုစွာစွာ စွာစွာ မဟုတ်တော့။

YOU ARE READING
ဖူးစာ ( Destiny)
Ficción históricaသတ်မှတ်ထားပြီးသား ကံကြမ္မာတစ်ခုကို ရှောင်လွှဲလို့မရဘူး။ ပြင်ဆင်လို့မရဘူး။ တွေ့ချိန်တန်ရင်တွေ့လို့ နှုတ်ဆက်ချိန်တန်ရင် နှုတ်ဆက်ရမှာပဲ။ ၂၁ရာစုကမိန်းကလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုကြောင့် တရုတ်ရှေးဟောင်းနန်းတွင်းခေတ်ကိုရောက်သောအခါ အောင်သွယ်ပေးချင...