Zawgyi
အပိုင်း(၁၂)
ဆောင်းဉီးရာသီပွဲတော်။
မီးပုံးများကို ပုံစံမျိုးစုံဖြင့် အလြှပုလုပ်ကာ လွှတ်တင်ကြသည်မှာ ဆောင်းဉီးရာသီပွဲတော်၏ ဓလေ့တစ်ခု။
ပန်းတွေဝေသောရာသီမို့ အရောင်စုံပန်းများသည်လည်း တိုင်းပြည်အနှံ့ပင်။အစဉ်အလာကြီးမားလှသောပွဲတော်ကြီးပေမို့ တိုင်းပြည်တစ်ခုလုံး တက်ကြွနေကြသည်။ နေ့အခါ၌ ပန်းဖြင့်မုန့်ချိုများပြုလုပ်၊ဝေငှကြပြီး ညအခါ၌ အိမ်တိုင်း၊ဆိုင်တိုင်း၊ဆိပ်ကမ်းများတွင် မီးပုံးများချိတ်ဆွဲထားကြသည်။ လွိနန်းတော်ကြီးတွင်လည်း လက်ရာမြောက်မီးပုံးများဖြင့် ချိတ်ဆွဲကာ နန်းတော်ရင်ပြင်၌လည်း စားသောက်ပွဲများ ကျင်းပနေကြသည်။
နန်းရင်ပြင်မြင့်ရှိ ရွှေရောင်စားပွဲဝိုင်း၌ မယ်တော်ကြီး၊ မင်းကြီးဝမ်ရိပေါ်နှင့် မင်းသမီးယွဲ့အာတို့ နေရာယူထားကြသည်။ ရင်ပြင်လျှောက်လမ်းအလယ်၌ ကြွကြွရွရွကပြဖျော်ဖြေနေသူ အကမယ်လေးများရှိပြီး တစ်ဖက်တစ်ချက်တွင်တော့ မူးကြီးမတ်ရာများနှင့်မိသားစုများက ကိုယ့်စားပွဲဝိုင်းဖြင့်ကိုယ် ရှိနေကြသည်။ အကအလှကြည့်သူများကကြည့်၊ သေရည်မော့သူကမော့၊ စကားပြောသူကပြောဖြင့် နန်းရင်ပြင်ကအသက်ဝင်လှသည်။
"မယ်တော် ယွဲ့အာတို့မီးပုံးဘယ်အချိန် လွှတ်ရမှာလဲ"
"အချိန်အခါကောင်းက ဆယ်နာရီဆိုတော့ အဲ့အခါကျမှ လွှတ်ရမယ်သမီး"
"အာ~~ဟုတ်ကဲ့မယ်တော်"
ဝမ်ရိပေါ်တို့၏စားတော်ဝိုင်းထံသို့ အသီးသီးသောအမတ်ကြီးများက လာရောက်နှုတ်ဆက်ကြသဖြင့် မင်းကြီးရိပေါ်တစ်ယောက် မသောက်ချင်ပေမဲ့ သောက်နေရသည်။ ထို့ပြင်သမီးတွေပါ ခေါ်၍ မိမိနှင့်မယ်တော်ရှေ့တွင် မသိမသာနှင့် ပွဲထုတ်ကြသေးသည်။ စိတ်ညစ်ညူးလာ၍ ရှောင်းကျန့်ကို ရှာမိသည်။ နန်းရင်ပြင်ကို အကြည့်ပို့ပြန်တော့ အခြားမူးမတ်များနှင့် သေရည်သောက်နေသော သူ၏ကျန့်ကော။ အရက်သောက်နေသောကျန့်ကောသည် တစ်မျိုးထူးဆန်းနေသည်ဟု သူထင်မိသည်။ မျက်နှာထားတင်းသည်မဆိုသော်လည်း တည်ငြိမ်သောမျက်နှာထားကို အမြဲဆောင်ထားသော ကျန့်ကောသည် ယခုအခါပြုံးရွှင်နေသည်။ တစ်ချက်တစ်ချက်ရှက်ပြုံးပြုံးနေခြင်းကြောင့် မူးနေသောစစ်သူကြီးကို ဝိုင်းကြပ်နေသည်မှာ သေချာနေတော့သည်။

YOU ARE READING
ဖူးစာ ( Destiny)
Historical Fictionသတ်မှတ်ထားပြီးသား ကံကြမ္မာတစ်ခုကို ရှောင်လွှဲလို့မရဘူး။ ပြင်ဆင်လို့မရဘူး။ တွေ့ချိန်တန်ရင်တွေ့လို့ နှုတ်ဆက်ချိန်တန်ရင် နှုတ်ဆက်ရမှာပဲ။ ၂၁ရာစုကမိန်းကလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုကြောင့် တရုတ်ရှေးဟောင်းနန်းတွင်းခေတ်ကိုရောက်သောအခါ အောင်သွယ်ပေးချင...