အပိုင်း၁၂ (extra)

293 21 0
                                    

Zawgyi

                         အပိုင်း၁၂(extra)

"မယ်တော် ယွဲ့အာ မီးပုံးတွေသွားယူဉီးမယ်နော်"

"မကြာစေနဲ့နော်"

"ဟုတ်ကဲ့"ဟု အသံပြုကာ မီးပုံးများထားရာအဆောင်သို့ သွားလေသည်။ မီးပုံးများကိုတွေ့လျှင် ယွဲ့အာတစ်ယောက် စိတ်ကျေနပ်မိသွားသည်။ ကိုယ်တိုင်ဆွဲထားသောအရုပ်စုံလေးများသည် မှိုင်းခံစက္ကူပေါ်တွင် အပြည့်။

မီးပုံးများယူပြီး ထွက်လာသောအခါ ရှောင်းကျန့်ကိုတွေ့လိုက်ရသည်။

"ရှောင်းကျန့်ကောကော"

"မင်းသမီး"

"ကောကော ဒီကိုဘာလာလုပ်နေတာလဲ။ စားပွဲမသွားဘူးလား"

"ဆက်မသောက်နိုင်တော့လို့ ထွက်လာတာပါ"

"ဩ~~~ ဒီဟာက ညီမကိုယ်တိုင်လုပ်ထားတဲ့မီးပုံးလေးတွေ။ ရော့ ကောကောကိုတစ်ခုပေးမယ်"

"ကျေးဇူးတင်ပါတယ် မင်းသမီးလေး"

ရှောင်းကျန့်ကိုပေးလိုက်သော မီးပုံးလေးမှာတော့ အသည်းပုံမိုးပျံပူဖောင်းလေးတွေကို ကိုင်ထားသော ကောင်လေးတစ်ယောက်ပုံ ဆွဲထားသည်။

ရှောင်းကျန့်နဲ့စကားပြောနေတုန်း တပ်မှူးချင်ကိုတွေ့လိုက်ရသဖြင့် ယွဲ့အာနှုတ်ဆက်ပြီး အမြန်လိုက်ရတော့သည်။ ရှေးဟောင်းပြည်က ခရက်ရှ်လေးအတွက် လျှာထုတ်ထားသော အီမိုဂျီပုံလေးပါသည့် မီးပုံးလေးကို ပေးလိုက်သည်။

ယွဲ့အာ မီးပုံးပေးအပြီး နန်းရင်ပြင်သို့ထွက်အလာ   မိမိ၏အစ်ကိုမင်းကြီးကို ဥယျာဉ်၌တွေ့ရသဖြင့် မီးပုံးလွှတ်ရန်သွားခေါ်မည်ဟု အကြံရှိသည်။ အနားသို့ရောက်လာသောအခါ အထိန်းတော်တစ်သိုက်က မိမိကိုသတိပြုမိသော်လည်း အစ်ကိုကြီးကမူ ငေးနေဆဲ။

သူငေးရာကြည့်လိုက်တော့ ရှောင်းကျန့်။ အိုင်ဆေး ​ဝေါင်း​ဝေါင်း ​ဝေါင်း အမေးဇင်း။ အယ်ကိုကြီး တော်တော်ဖြစ်။ ဖူဂျိုရှိမပြောနဲ့ ဘာမှမသိတဲ့တာ့ရှူတောင် ဒီအခြေအနေကိုသဘောပေါက်လောက်သည်။

အညို့ခံရသူလိုမျိုး ၀မ်ရိပေါ်တစ်ယောက် တံတားပေါ်သို့ဖြတ်ကူးသောအခါ နောက်ကလိုက်မည့်တာ့ရှူရဲ့ ဂုတ်ကိုဆွဲထားလိုက်သည်။ *လိုက်သွားပြီးဘာလုပ်မလို့လဲ။ ဒါလေးတောင်အလိုက်မသိဘူး*ဟုသဘောဆောင်သော မျက်လုံးပြူးပြခြင်းအမှုကိုပြုသည်။ တာ့ရှူစကားပြောရန် ပါးစပ်အဟကိုလည်း လက်ဝါးဖြင့်ပိတ်ပစ်ကာ တစ်ခုသောသစ်ပင်နောက်သို့ခေါ်သွားသည်။ ကျန်အပျိုတော်များသည်လည်း နောက်ကလိုက်ပါလာကြသည်။ ဒုတိယအကြိမ်မြောက် မင်းသမီးနှင့်တူတူပုန်းတမ်းပေါ့။

ဖူးစာ ( Destiny)Where stories live. Discover now