အပိုင်း(၁၃)

298 19 1
                                    

Zawgyi

                             အပိုင်း(၁၃)

နံနက်ခင်းအခါသမယသည် ငှက်ကလေးတွေ၏ ကျီကျီကျာကျာအသံကြောင့် အသက်ဝင်လာပြီး အိပ်ရာပေါ်မှ ရှောင်းကျန့်လည်း နိုးလာပြီဖြစ်သည်။ သောက်ထားတာများသွားသော်လည်း မနေ့ကအဖြစ်တို့ကြောင့် ကြည်လင်လန်းဆန်းနေသည်။

ပြတင်းနားရှိ ယခင်က လစ်လပ်နေသောလှောင်အိမ်လေးတွင် ခိုလေးတစ်ကောင်ရောက်နေသည်။ ရှောင်းကျန့် အလျင်အမြန်ထကာ ထိုခိုလေး၏ခြေထောက်ရှိ စာလိပ်လေးကို ထုတ်ဖတ်လိုက်တော့ "လူ၁၀၀ခန့် ၊ ဂိုဏ်းသစ်" ဟူ၍ ပါရှိသော သွေးများပေကြံနေသည့် စာလိပ်လေး။ ရှောင်းကျန့် မျက်မှောင်အသာကြုံ့မိသည်။ နန်းတွင်းတပ်တွင် တပ်စိပ်တစ်ခုလျှင် တပ်သား၃၀၀ရှိသည်။ ယခုဂိုဏ်းသစ်သည် လူ၁၀၀ခန့်ရှိလျှင် သာမန်ဂိုဏ်းတစ်ခုမဖြစ်နိုင်တော့ပေ။ လုပ်ကြံမှုနှင့်လည်း ပတ်သတ်နေမည်ဟု ခန့်မှန်းမိသည်။ ထို့အတွက်ကြောင့် မင်းကြီးအားအလျှင်အမြန် သတင်းပို့ရန် သူပြင်ဆင်ရတော့သည်။
×
သတင်းပို့ရန် နန်းတွင်းသို့ရောက်သောအခါ ၀မ်ရိပေါ်သည် အတွင်းညီလာခံဝင်နေသဖြင့် မင်းကြီး၏အိပ်ဆောင်၌ စောင့်ဆိုင်းနေရသည်။ အတွင်းညီလာခံသည် အမတ်ကြီးများနှင့်သာ တိုင်ပင်ဆွေးနွေးကြသည့် အရေးကြီးအစည်းအ​ဝေးဖြစ်သဖြင့် အတော်ပင်စောင့်လိုက်ရသည်။

"မင်းကြီးကြွချီလာပါပြီ"

ရှောင်းကျန့် ထိုင်ဖုံမှထကာ ဘေး၌ရပ်၍ အရိုအသေပေးသည်။

"ရှောင်းစစ်သူကြီး ထိုင်ပါ" ဟူ၍ လက်ဟန်ပြကာ ထိုင်စေသည်။ တဆက်တည်း "တာ့ရှူ အပြင်မှာ လူရှင်းထားပါ" ဟု ဆိုလိုက်သည်။

"ကျန့်ကော အရေးကြီးကိစ္စပေါ်လာပြီလား"

"ရှီချွမ်က သတင်းရလာပြီ။ ဂိုဏ်းသစ်တစ်ခုတဲ့ လူ၁၀၀လောက်ရှိတယ်တဲ့"

"လူ၁၀၀" ၀မ်ရိပေါ် လက်ကိုခပ်တင်းတင်းဆုပ်မိသည်။ ဒီလိုဂိုဏ်းတစ်ဂိုဏ်းအကြောင်းကို ဘုရင်တစ်ပါးအနေနှင့် မသိရကောင်းလားဟု ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိသည်။

"မင်းကြီး မြေအောက်အဖွဲ့အစည်းဆိုတာ ထိန်းချုပ်ထားလို့မရတဲ့အရာတစ်ခုပါ။ သူတို့ကို ရှင်းပစ်ဖို့ လုံလောက်တဲ့အချိန်တစ်ခုပဲလိုတာပါ။ ကျွန်တော်တို့ အသိမနောက်ကျသေးပါဘူး"

ဖူးစာ ( Destiny)Where stories live. Discover now