အပိုင်း၆

235 18 0
                                    

zawgyi

                              အပိုင်း(၆)

သန်စွမ်းလှပလှသော မြင်းကြီးနှစ်ကောင်သည် ရှောင်းအိမ်တော်ရှေ့၌ ရပ်တန့်လိုက်သောအခါ ရှောင်းစစ်သူကြီးနှင့် ရှောင်းကျန့်တို့ မြင်းပေါ်မှဆင်းသက်လာသည်။ မရောက်တာကြာပြီဖြစ်သော အိမ်တော်သို့ပြန်ရောက်လာခြင်းကြောင့် ၀မ်းသာမိသည်။ သားတော်မောင်ပြန်အလာကို စောင့်နေသောရှောင်းကတော်က‌တော့အိမ်ပေါက်ဝထိရောက်လာပြီဖြစ်သည်။
"မား.."

"ကျန့်ကျန့်"
ရှောင်းကျန့်သည် အမေဖြစ်သူကို ထွေးပွေ့၍ကပ်ချွဲ‌လေသည်။

"မား~~~~~သားဗိုက်ဆာပြီ။ ကျန့်ကျန့်ကို ထမင်းကျွေးပါ"

ရှောင်းကတော်ကတော့ သဘောတကျဖြင့်
"စစ်သူကြီးဖြစ်တော့မယ်ဆို။ ကလေးလိုလုပ်‌နေတုန်းလား။ ဒီပုံစံကို တပ်ထဲကကလေးတြွေမင်ရင် ဘယ်လိုလုပ်မလဲ။"

"မားကလည်း သားကခုမှကလေးလုပ်ရတာကို"

ရှောင်းကတော်က ရယ်သံလွင်လွင်ပြုကာ "ကောင်းပါပြီကလေးလေးရယ် မားတို့ထမင်းသွားစားရအောင်"

"ဟုတ်....မား"
ဒီလိုနဲ့ သူငယ်တကျော့ပြန်ရှောင်းကျန့်လေးဟာ အိမ်ထမင်း၊ဟင်းကို အ၀စားတော့တာပေါ့ကွယ်။

မိဘများနှင့် ထမင်းစား၊စကားပြောပြီးနောက် အခန်းသို့ပြန်ကာ ရေမိုးချိုးအနားယူတော့သည်။ ကြေးမုံပြင်မှာပေါ်နေသော မိမိပုံရိပ်ကိုကြည့်ကာ ရှောင်းကျန့်သက်ပြင်းချမိသည်။
"နှုတ်ခမ်းမွှေးတွေ ရိတ်ရမယ့်ဟာကို။ ခုတော့ ပေါက်စရှေ့မှာ ရှိရင်းစွဲထက် ပိုအိုနေပြီ"

တစ်ကိုယ်တည်းရေရွတ်ပြီးနောက် သူရယ်မိသည်။ အင်ပါယာအရှင်ကို သူပေးထားတဲ့နာမည်က ပေါက်စ တဲ့လား။ တကယ်တမ်းတွေးကြည့်လည်း ပေါက်စပဲကို။ ရာထူးဂုဏ်ဒြပ်တွေဖယ်ရင် တည်ငြိမ်တဲ့ ကောင်လေးတစ်ယောက်ပဲလေ။ လွန်ခဲ့သောဆယ်နှစ်က ကိုယ်နဲ့စတင်တွေ့ခဲ့သော‌ကလေး၊ သိုင်းလေ့ကျင့်ကွင်းမှာ သစ်သားဓားကိုကိုင်ကာ လေ့ကျင့်နေသောကလေး၊ ပညာရှိကြီးပို့ချသည်ကို မျက်နှာတည်တည်နှင့်နားထောင်နေသောကလေး၊ စစ်မြေပြင်မှာ မိမိကာကွယ်ခဲ့သောကလေးသည် ယခုအင်ပါယာအရှင်ဖြစ်နေခဲ့ပြီ။ဆယ်စုနှစ်ဆိုတာကလည်း တကယ်မကြာပါလား။ အခုတဖန် ထိုပေါက်စအနားသို့ ပြန်ရောက်လာပြီဆိုတော့ ၀မ်းသာနေသည့်စိတ်ကို သူမလိမ်ညာတော့ပါ။ ဒီလိုလုပ်လို့ဖြစ်တယ်မလား~~~ ဒီခံစားချက်တစ်ခုတည်းကိုလေ......
~~~~~~~~~~~~~~~~~~~~~~~~~~~~
ခမ်းနားထည်ဝါလှသော ညီလာခံခန်းမသည် လွိနန်းတော်ကြီး၏ အလယ်တွင် တည်ရှိသည်။ ညီလာခံခန်းမ၏ ဆင်ဝင်တံခါးပေါက်ကြီးနှင့်တကွ ဘေးပြတင်းပေါက်များသည် လက်ရာမြောက်အရုပ်များဖြင့် ပုံဖော်ထားသည်။ ညီလာခံခန်းမအတွင်းရှိ ပလ္လင်တော်သည် ရွှေအတိပြီး၍ ခန်းမ၏ထိပ်ဆုံးနေရာ၌ နေရာယူထားသည်။ ခန်းမအတွင်းရှိ ထောက်တိုင်လုံးများသည်လည်း ရွှေပြားကပ်ထားကာ အမောက်ထောင်သောနဂါးတစ်ကောင် ရစ်ပတ်လျက်ရှိပုံကို ထုဆစ်ထားသည်။

ဖူးစာ ( Destiny)Where stories live. Discover now