အပိုင်း ၁

11.1K 1K 11
                                    

လမ်းဘေးကစက်ဘီးတစ်စီးကိုရှောင်ဖို့ ကားကိုအရှိန်လျှော့လိုက်တဲ့အချိန်မှာ ကျွန်တော်ယိုင်သွားတယ်။ ချိုင့်ခွက်တွေကိုရှောင်နေရတဲ့ အဌားကားလေးဟာ လမ်းမကြီးပေါ်မှာကလို အရှိန်မမြန်နိုင်တော့ဘူး။ အရောင်မွဲမွဲ အကိုင်းခြောက်ခြောက်နဲ့ သစ်ပင်ကြီးကို လှမ်းမြင်လိုက်ရတာနဲ့ အိမ်ပြန်ရောက်ပြီလို့ စိတ်ထဲမှာအလိုလိုသိနေတယ်။

"ရပြီ ဦးလေး.. ဒီနားရပြီ.."

"အေး အေး...အထုပ်တွေ မနည်းဘူး...ကျန်ခဲ့ဦးမယ်"

"ဟုတ်ကဲ့"

ကားပေါ်ကဆင်းတော့ ကျွန်တော့်လက်နှစ်ဖက်စလုံး အထုပ်တွေနဲ့ပြည့်နေပြီ။ စက္ကူအိတ်က နှစ်ခု။ ကိတ်မုန့်တစ်ထုပ်နဲ့ တခြားလက်ဆောင်တွေပါသေးတယ်။ ပန်းပွင့်သေးသေးလေးတွေပါတဲ့ မက်မွန်သီးရောင် အထည်စကို မေမေကြိုက်မှာပါ။ အရောင်လှလှလေးနဲ့ နုနယ်ပေမယ့် ကျက်သရေရှိလို့ လူကြီးပိုင်းမေမေနဲ့ လိုက်ဖက်မယ့်အဆင်မျိုး ကျွန်တော်ရှာဝယ်လာခဲ့တာ။

နှစ်တွေကြာခဲ့ပေမယ့် ရပ်ကွက်ငယ်လေးရဲ့ ညနေခင်းဟာ မပြောင်းမလဲ တိတ်ဆိတ်နေတုန်းပါပဲ။ ကျိုးတိုးကျဲတဲအိမ်လေးတွေဟာ မြေမှုန့်အလူးလူး၊ ဖုန်မှုန့်အလူးလူးနဲ့။ လမ်းဘေးမှာ ဆော့နေတဲ့ ကလေးနှစ်ယောက်က ကျွန်တော်ရှိရာ လှမ်းကြည့်ပေမယ့် စိတ်၀င်စားဟန်မရှိပါဘူး။ ခွေးဟောင်သံကြောင့် ဘယ်သူလဲတစ်ချက်လှမ်းကြည့်ရုံလောက်ပဲ။ အရောင်မွဲမွဲ ခွေးသုံးကောင်လောက်က ခပ်ဝေးဝေးကနေ လှမ်းဟောင်တာကိုအားမရဘဲ အနားထိပြေးလာပြီး ထိုးဟောင်နေတယ်။

"ဝုတ်.."

"ဝုတ် ဝုတ်.."

"တယ်.. ငါ.."

အထုပ်တွေကိုယမ်းပြီး ခြောက်တာတောင် မကြောက်ဘူး။ တခြားဘာမှမစိုးရိမ်ပေမယ့် ကိတ်မုန့်ထုပ်ကို ကျွန်တော် စိတ်ပူတယ်။ ဒီနေ့က မေမေ့မွေးနေ့မို့ သေချာမှာပြီး၀ယ်လာခဲ့ရတဲ့ ကိတ်မုန့်ကြီးလေ။

"ကိုကို"

ကျွန်တော့်ညီမလေးရဲ့ခေါ်သံ။ အပြေးတပိုင်းလျှောက်လာတဲ့ ညီမလေးကိုမြင်လိုက်တာနဲ့ ကျွန်တော်ပြုံးမိတာပါပဲ။ ခါးလယ်ဆံပင်ရှည်တွေနဲ့ ကျွန်တော့်ညီမလေး အပျိုဖြစ်နေပြီ။ တစ်ခေါက်တစ်ခါ ပြန်တွေ့ရတိုင်း ၀ါးပျိုပင်ပေါက်တစ်ပင်လို အထွားမြန်သူ။ ပြေးလာရင်း ကျွန်တော့်နားရောက်တော့ ကိုယ်ရှိန်သတ်တယ်။

ရေလိုအေး၍ ပန်းလိုမွှေးစေМесто, где живут истории. Откройте их для себя