"ကိုကို.. ပြန်လာနော်"
ဖုန်းထဲက ညီမလေးအသံကို ကြားနေရတယ်။ ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ နောက်မှ သူ မမြင်ရတာကို သတိထားမိပြီး အသံထွက်စကားပြောဖို့ သတိရတယ်။
"ပြန်လာခဲ့မယ် ညီမလေး.. ပစ္စည်းတွေသိမ်းပြီးတာနဲ့ ဒီနေ့ချက်ချင်းလာခဲ့မယ်"
ကျွန်တော်တို့တက္ကသိုလ်နဲ့ အမေတို့အိမ်က နှစ်နာရီလောက် ကားစီးရင်ရောက်တယ်။ ဖုန်းကိုချပြီးတာနဲ့ ချာခနဲ ကျွန်တော် လှည့်ထွက်လာခဲ့တယ်။ အဆောင်မှူးကိုခွင့်တိုင်ဖို့ ကျွန်တော် နှောင့်နှေးနေဖို့အချိန်မရှိဘူး။
"ဘာဖြစ်လို့လဲ ဟိန်းသက်"
"အဖေဆုံးသွားလို့ပါ ဆရာ"
"ဟေ.. ဟုတ်လား.. အေး အေး.. သွား သွား.. စိတ်မကောင်းပါဘူး သားရာ"
ကျွန်တော်မျက်နှာက လူသေတစ်ယောက်လိုပဲ။ ၀မ်းပန်းတနည်းငိုနေတာမျိုးမဟုတ်လို့ အဆောင်မှူးက အံ့သြသလို လှမ်းကြည့်နေတယ်။ အခန်းထဲပြန်ရောက်ပြီး အ၀တ်အစားတစ်ချို့ကို ကျောပိုးအိတ်ထဲ ကောက်ထည့်တော့ အခန်းဖော်သူငယ်ချင်း ပိုင်ထူးက မျက်လုံးပြူးသွားတယ်။
"ဘာဖြစ်လဲ ဟိန်းသက်"
"အဖေဆုံးသွားပြီ.. ဖုန်းရတယ်"
"ဟာ.."
ပိုင်ထူး စိတ်မကောင်းဖြစ်သွားပြီး ကျွန်တော့်ပခုံးကို လာဖက်တယ်။ လူက ထုံနေသလို ဖြစ်နေလို့လားမသိဘူး။ ငိုချင်စိတ်မရှိဘူး။ ရင်ထဲမှာ ဗလာသက်သက်ဖြစ်နေတာ။ ဖေဖေနဲ့နောက်ဆုံးတွေ့ခဲ့ချိန်တုန်းက ပြောထွက်ခဲ့တဲ့ စကားတွေကတော့ ခေါင်းထဲမှာ ပဲ့တင်ထပ်နေသလိုပဲ။
ကျွန်တော်တစ်သက်လုံးနောင်တရအောင် ထမင်းလုံးတစ္ဆလို ခြောက်လှန့်နေတော့မယ့် စကားတွေ။ ကျွန်တော် တကယ်လည်း ဖေဖေနဲ့ပြန်ပြီးမဆက်သွယ်ဖြစ်တော့တာ အဲ့ဒီ့အချိန်ကတည်းကပဲ။ ဖုန်းလည်းမဆက်ဖြစ်ဘူး။ သွားလည်းမတွေ့ဖြစ်တော့ဘူး။ ကျွန်တော် တကယ်လုပ်မယ်ဆိုတာ ဖေဖေကို သက်သေပြချင်ခဲ့တာ။ ထိရောက်ခဲ့သလား။ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဖေဖေ အရက်ဖြတ်ဖို့ကြိုးစားနေတယ်လို့ ညီမလေးကတော့ ပြောဖူးတယ်။
ESTÁS LEYENDO
ရေလိုအေး၍ ပန်းလိုမွှေးစေ
Ficción Generalတဖြည်းဖြည်းနဲ့ပျံသန်းရတာ အားနည်းလာတယ် ငါ့ အတောင်နှစ်ဖက်မှာ စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖိနပ်လိုလုပ်စီးတဲ့အခါ အိမ်ပြန်ချိန်တွေပဲ ပါးပါးလာတယ် တသိမ့်သိမ့်ရှိုက်ငိုဖို့နေရာရှာတော့လည်း အမေ့ရင်ခွင်ဟာ ဟိုဘက်ကမ်းက မီးအလင်းရောင်လို မှုန်ပျပျဝေးခဲ့တဲ့ညတွေ ဇာတ်လမ်းမဆ...