"ဟဲ့ကောင်လေး.. အဲ့ဒါ နင့်အမေဟဲ့.. နင့်အမေအရင်း"
အဖွားကပြောရင်း ရယ်နေတယ်။ အိမ်ရှေ့ဧည့်ခန်းမှာထိုင်နေတဲ့ အဒေါ်ကြီးက ကျွန်တော့်ကိုလှမ်းကြည့်ရင်း နွမ်းလျလျ ပြုံးပြတယ်။
သူက ကျွန်တော်တို့ဆီကို မကြာမကြာ လာလည်တတ်တဲ့ အဒေါ်ကြီးလေ။ မိတ်ကပ်မပါ၊ သနပ်ခါးမလိမ်းထားတဲ့ အဆီပြန်နေတဲ့မျက်နှာပြောင်နဲ့။ ပန်းပွင့်လေးတွေပါတဲ့ ထဘီကလည်း အရောင်နွမ်းလှပြီ။ အိမ်ကိုလာတိုင်း လက်ကိုင်နေရာမှာ စုတ်နေတဲ့ကြိုးတွေပါတဲ့ အိတ်ကြီးနဲ့။ အဒေါ်ကြီးရင်ခွင်ထဲက ကလေးမလေးကတော့ လူးလွန့်လာပြီး အင့်ခနဲငိုတယ်။ အဒေါ်ကြီးက ကလေးငယ်ကို ချော့သိပ်သလို လှုပ်ခါနေရင်းက
"ကလေးက သိပ်နေမကောင်းဘူး အမေရယ်"
ဆိုပြီး အဖွားကို ဆက်ပြောနေပြန်တယ်။
"ညည်းနားကပ်ရော"
"ထမင်းဆိုင်ဖွင့်မလားလို့.. အရင်းအနှီးလိုနေတာနဲ့"
ဟောင်းလောင်းဖြစ်နေတဲ့ နားပေါက်နေရာကို စမ်းကြည့်ရင်း အဒေါ်ကြီးဖြေနေတယ်။
"ဟိန်းသက် မင်း ဘယ်နှတန်းရောက်ပြီလဲ"
"သုံးတန်း အဒေါ်"
"ဟဲ့ နင့်အမေပါဆို.. အဒေါ်ခေါ်နေပြန်ပြီ"
အဖွားက ဒီတစ်ခါတော့ စိတ်ဆိုးသွားသလို ခပ်ငေါက်ငေါက်ပြောတယ်။ အဖွားဘာလို့ကျွန်တော့်ကို စိတ်ဆိုးနေရတာလဲ။ ဒါ နင့်အမေဟဲ့လို့ တစ်ခွန်းပြောရုံနဲ့ ကျွန်တော့်အတွက် အမေဖြစ်သွားဖို့က လွယ်မှမလွယ်တာ။ ကျွန်တော်အမေခေါ်နေတဲ့ လက်ရှိအမေကို ဘယ်လိုဆက်ခေါ်ရမလဲ။ တစ်ယောက်တည်း သိချင်တာတွေ တွေးနေပေမယ့် ကျွန်တော် မမေးရဲဘူး။ ကလေးက ကလေးလိုနေစမ်းဆိုပြီး ခေါင်းခေါက်ခံရမှာ။ ကျွန်တော့်အမေဆိုသူက ကျွန်တော့်ကို ခပ်ငေးငေးစိုက်ကြည့်နေပြီးမှ အဖွားနဲ့ဆက်စကားပြောနေတယ်။
"မမကြီးခေါ်သွားတုန်းက သူက သုံးနှစ်ကျော် လေးနှစ်သားအရွယ်ပဲရှိသေးတာကိုအမေရယ်၊ ကျွန်မကို ဘယ်မှတ်မိမလဲ"
ČTEŠ
ရေလိုအေး၍ ပန်းလိုမွှေးစေ
Beletrieတဖြည်းဖြည်းနဲ့ပျံသန်းရတာ အားနည်းလာတယ် ငါ့ အတောင်နှစ်ဖက်မှာ စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖိနပ်လိုလုပ်စီးတဲ့အခါ အိမ်ပြန်ချိန်တွေပဲ ပါးပါးလာတယ် တသိမ့်သိမ့်ရှိုက်ငိုဖို့နေရာရှာတော့လည်း အမေ့ရင်ခွင်ဟာ ဟိုဘက်ကမ်းက မီးအလင်းရောင်လို မှုန်ပျပျဝေးခဲ့တဲ့ညတွေ ဇာတ်လမ်းမဆ...