အပိုင်း ၃

2.9K 41 0
                                        

(3)

မှိန်ဖျော့ဖျော့အလင်းစက်တို့အောက်ဝယ် အနောက်တောင်ဘက်အရပ်ဆီမှ  တိမ်ညိုတို့ကတရွေ့ရွေ့လွန့်လူးကာ ရွေ့လျားလို့လာသည်။

"ကိုစစ်...မိုးသားတွေမဲတက်နေတာမြင်လားဒီညတော့မိုးရွာမှာလားမသိဘူးနော်"

"အင်း...ရွာချင်လည်းရွာပေ့စေ"

"မင်းဘိုးအေရွာပါ့လား...ကားခေါင်မိုးပေါ်အိပ်လိုက်ရမှာ မိုးစိုပြီးဖျားနေမှ"

"ဖျားပြီးသေသွားလည်း အေးတာပဲကွာ"

ပြန်ပြောလိုက်သည့်လေသံထဲက မကျေမချမ်းအရိပ်အယောင်တို့ကို သတိထားမိလိုက်တဲ့ နေကြီးတစ်ယောက် ကိုစစ်မျက်နှာကို ကြည့်လိုက်သည်။

မိုးသားမဲမဲတို့နှင့်အပြိုင်ကိုစစ်ရဲ့မျက်နှာပြင်က ရွာချတော့မည့်မိုးတိမ်တွေလို မဲမှောင်နေကာ မျက်ဝန်းတွေထဲ မျက်ရည်တချို့တို့ကလျှံထွက်ကျလာတော့မည့်ဟန်ပြင်နေသည်။မျက်တောင်တစ်ချက်အခတ်မှာလိမ့်ကနဲခုန်ဆင်းကျလာသောမျက်ရည်စက်နှင့်အတူ ရှိုက်သံသဲ့သဲ့ထွက်ပေါ်လာသည်။

"ဘာဖြစ်ရပြန်တာလဲကွာ"

တီးတိုးရေရွတ်လိုက်သလား၊မေးခွန်းမေးလိုက်သလားမသိပေမဲ့နေကြီးရဲ့အသံကစိတ်ရှုပ်ထွေးစွာဖြင့်ထွက်ပေါ်လာသည်။

"ငါစိတ်ညစ်တယ်...အိမ်မှာမနေချင်တော့ဘူး
နေ့တိုင်းအိပ်ယာကထလိုက်တိုင်း ဒီနေ့ဘယ်အကြွေးရှင်နဲ့စကားများရမလဲ ရပ်ကွက်ရုံးလိုက်ရှင်းရမလဲ...ဘယ်အချိန်ရဲစခန်းလိုက်ရှင်းရမလဲလို့တွေးရင်းအိပ်ယာထရတဲ့နေ့တွေကိုမုန်းလာပြီ...ဘယ်နေ့ဈေးအရင်းပြုတ်မလဲလို့ရင်တထိတ်ထိတ်နဲ့တွေးနေရတာလည်းပင်ပန်းလှပြီ
ခုလည်း...ခုလည်း..."

စကားလုံးတို့ ရှေ့ဆက်မရတော့ပဲ ရှိုက်သံသဲ့သဲ့ကအဆက်မပြတ်ထွက်ပေါ်နေချိန်ပခုံးသားကို တင်းကနဲ ညှစ်ဆုပ်ကိုင်ခံလိုက်ရခြင်းနှင့်အတူ

"စိတ်ပျက်တယ်ကိုစစ်ရာ မင်းယောင်္ကျားမဟုတ်ဘူးလားကွာ...မင်းအမတွေ ဈေးရင်းပြုတ်လို့ မင်းတို့အိမ်ရောင်းဖို့လုပ်နေတာ ငါအကုန်ကြားပြီးပြီ...ဘာတတ်နိုင်မှာလဲကွာဖြစ်သမျှအကြောင်းအကောင်းလို့သာတွေးလိုက်..."

ပါးပြင်ထက်ယိုစီးကျလာသောမျက်ရည်စက်တို့ကိုသုတ်သင်ပေးနေတဲ့လက်တစ်စုံကိုဆွဲဖယ်လိုက်ကာပိန်ပါးပါးကိုယ်လုံးလေးရဲ့ရင်ခွင်ထက်မျက်နှာအပ်ကာ တသိမ့်သိမ့်ဖြင့်ငိုချလိုက်သည်။

"ဟောဗျာ ကလေးလေးကျနေတာပဲ ငိုကွာငို ဝအောင်သာငို ငါ့ရင်ဘတ်ပေါ်အားရအောင်ငိုချလိုက် "

နောက်ကျောပြင်ကိုညင်သာစွာဖြင့်ပွတ်သပ်ပေးကာ အငိုတိတ်အောင်ချော့နေတဲ့ နေကြီးရဲ့မျက်ဝန်းတွေက အဝေးသို့ ငေးရီနေလျက်

တိမ်စိုင်တို့နောက်ကွယ် ...Место, где живут истории. Откройте их для себя