အပိုင်း ၆

1.7K 33 1
                                    

(6)

လေပြည်ရူးတစ်ချက်ဝေ့ကနဲတိုက်ခတ်သွားသည်။

"ဟဲ့...အမလေး...ထီးမိုးထပြင်လိုက်ဦးလေ...လေတိုက်နေမှန်းသိရဲ့နဲ့...ပလပ်စတစ်ကြိုးနဲ့ထီးမိုးအစွန်းကိုချည်လိုက်..."

"နင့်ဘာသာလုပ်တော့ဟာ...ငါအိပ်ချင်နေပြီ..."

ဈေးဗန်းနောက်နားဆီက နေရာလွတ်ပေါ် ပီနံအိတ်ခင်းကာ ကွေးကွေးလေးအိပ်ဖို့ပြင်နေချိန်...

"ကိုစစ်...နေကြီးခွေးရူးကိုက်ခံလိုက်ရတာ သိလား "

"အမ်...နေကြီးက စပါယ်ယာလိုက်နေတာလေ...ဘယ်ခွေးရူးကကိုက်ရမှာတုန်း..."

"ကိုစစ်...နင့်လူတကိုယ်လုံးစုတ်ပြတ်နေအောင် အကိုက်ခံလိုက်ရတာ...ငါအစောကြီးထဲကပြောပါတယ်...ကိုယ့်မိသားစုမှကံမကောင်းရတဲ့အထဲ......အလုပ်ထွက်လုပ်တော့လည်း...ဟင့်..ဟင့်..ဟင့်"

နေကြီးအမ အေးမြရဲ့ ငိုသံကြားရတော့ ကိုစစ်လှဲနေရာမှ ထထိုင်လိုက်သည်။

"မအေးမြ...နေကြီးကအခုဘယ်မှာလဲ"

"အိမ်ရောက်နေပြီ...နင်ညနေဈေးသိမ်းမှ အိမ်လာခဲ့လေ..."

ကိုစစ်မအေးမြကို ဘာမှမပြောပဲ ဆိုင်အပြင်ထွက်ကာ ခြေလှမ်းတို့ကို  အရပ်ထဲသို့ ဦးတည်လိုက်သည်။



မှောက်အိပ်နေသည့် နေကြီးရဲ့ ပုဆိုးက ပေါင်သို့ လျှောကျနေကာ ဖင်သားညိုကျစ်ကျစ်တို့ထက်မှာ ခွေးကိုက်ဒဏ်ရာများကို ဂွမ်းစများဖြင့် ဖိကပ်ထားပေမဲ့ သွေးစက်အချို့တို့က ပေပွနေသည်။

"နေကြီး..."

နောက်ကျောပြင်တို့တသိမ့်သိမ့်လှုပ်ခတ်နေတာမြင်လိုက်ရတော့ ကိုစစ် နေကြီးရဲ့ ခြေသလုံးထိဆွဲချထားသော ပုဆိုးကို အပေါ်သို့ဆွဲတင်ရန် ပြင်လိုက်သည်။

"မလုပ်နဲ့....အနာလေသလပ်အောင်ထားတာဟ"

ငိုသံအက်ကွဲကွဲကရုတ်ချည်းပေါ်ထွက်လာတော့ကိုစစ်ရဲ့လက်တို့တွန့်ကနဲဖြစ်သွားသည်။

"အကိုက်ခံထားရတာလဲ  အများကြီးပဲကွာ...ဟင်....လက်မောင်းတွေရော အကိုက်ခံရတာပါလား"

တိမ်စိုင်တို့နောက်ကွယ် ...Donde viven las historias. Descúbrelo ahora