အပိုင်း ၈

1.6K 32 0
                                    

(8)

အညိုရောင်သမ်းစပြုလာသည့်ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရင်း တိမ်ညိုတို့ကဟိုးအနောက်တောင်ထောင့်ကောင်းကင်မှ တရွေ့ရွေ့ဖြင့် တက်လာတာကို မြင်လိုက်ရတော့ ကိုစစ်သဘောကျစွာဖြင့် ပြုံးလိုက်သည်။

မိုးငွေ့ပါသောလေပြည်တစ်ချက်တိုက်ခတ်လိုက်ချိန်တွင် လူတကိုယ်လုံး စိမ့်ကနဲဖြစ်သွားသည်။သေချာပြီ မိုးရွာတော့မှာပဲဟု တွေးကာ လူက အလိုလိုနေရင်း ပျော်လာသည်။

"ဝေါ...."

"ဟဲ့....စစ်ပိုင် နင့်သေတ္တာပေါ် ထီးအုပ်ထားခဲ့ ခေါင်မိုးက မိုးယိုတယ်"

"အင်းပါ...အမေကျုပ်ကားလမ်းပေါ်တက်ဘောလုံးကန်ရင်းရေချိုးလိုက်ဦးမယ်"

"နေကြီး...နေကြီးရေ လာဟ မိုးရေချိုးရင်း ဘောလုံးကန်ရအောင်"

အခန်းတံခါး တွန်းဖွင့်ဝင်လိုက်ချိန် စောင်ခြုံအိပ်နေသော နေကြီးကို အတင်းနှိုးလိုက်သည်။

"ကိုစစ်...ငါတကိုယ်လုံး ကိုက်ခဲနေတာ မလိုက်တော့ဘူး မင်းပဲသွားတော့ကွာ..."

"ဟာကွာ မင်းမပါပဲ ငါမကစားချင်ပါဘူးကွာ..."

"သွားမှာသွားစမ်းပါကွာ...ငါမနက်ဖြန် ကြက်ခြံမှာ အလုပ်လုပ်ရတော့မှာ တော်ကြာဖျားနာနေရင် မကောင်းဘူး"

"ကြက်ခြံ ဟုတ်လား အဲ့ဒီမှာနေရမှာပေါ့ ဟုတ်လား"

"အင်းလေ...အုတ်စက်ထဲက ခြံမှာ ညရောစောင့်အိပ်ရမှာတဲ့နေ့စားသဘောပေါ့ကွာလောလောဆယ်အပိုဝင်ငွေရအောင် လုပ်တာပါ... မင်းပျင်းရင် ကြက်ခြံကိုလာလည်ပေါ့ကွာ...ခုသွားတော့ မိုးရွာတုန်းမိုးရေချိုးရတာ မင်းရဲ့ညစ်နေတဲ့စိတ်တွေကို မိုးရေထဲသွားမျှောလိုက် "

"မသာကောင် သွားပြီ ကောင်းကောင်းအိပ်နေခဲ့..."

"ရွှတ်..."

ပါးပြင်ကို ရွှတ်ကနဲမြည်အောင် နမ်းကာ ပြေးထွက်သွားတဲ့ ကိုစစ်ကို နေကြီးလှမ်းကြည့်ရင်း စောင်ကို ခေါင်းအထိလုံအောင် ဆွဲခြုံလိုက်သည်။

လျှပ်ရောင်တွေတဝင်းဝင်း အောက်မှာ ကိုစစ်နဲ့အရပ်ထဲကသူငယ်ချင်းများက ကားလမ်းပေါ် ဆူညံစွာဘောလုံးကန်ရင်း မိုးရေထဲမှာ ပျော်ရွှင်နေကြသည်။




လမိုက်ည....

အမှောင်အတိဖုံးလွှမ်းနေသည့်ကောင်းကင်မဲမဲထက်မှာ ကြယ်ပွင့်လေးတွေက ဟိုတစသည်တစထွက်ပေါ်လာရင်းဖျပ်ကနဲဖျပ်ကနဲ အလင်းစက်တို့ကို ဖွင့်အန်ချနေပေမဲ့ကမ္ဘာမြေကြီးပေါ်ဖုံးလွှမ်းနေသော အမှောင်ထုကို အံမတုနိုင်ပဲ ဖြစ်နေကြသည်။

"အူး....ဝူး...အူး...."

ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံကြောင့် ကိုစစ် ဖျပ်ကနဲ လန့်နိုးလာသည်။

"အမေ...အမေ...ခွေးတွေအူနေတယ် ထဦး"

"ဟဲ့...ခွေးအူတာ အဆန်းလုပ်မနေနဲ့ ညဈေးဝယ်မလိုက်ရတုန်းအိပ်ရေးဝအောင်အိပ်...ပြန်အိပ်...အမေတစ်ယောက်လုံးဘေးမှာရှိနေတာကို ဘာလန့်နေရတာလဲ"

"ခွေးအူတာကြီးကလည်း ကျက်သရေကိုမရှိဘူး..."

ပြောလက်စစကားတို့ရပ်တန့်သွားလောက်အောင်ခွေးအူသံတို့ကထပ်မံထွက်ပေါ်လာပြန်တော့ကိုစစ်မျက်လုံးတွေဇွတ်မှိတ်ကာအိပ်ယာပေါ်လှဲချလိုက်သည်။
စိတ်ထဲမှာ ထင့်ကနဲဖြစ်သွားခြင်းနှင့်အတူ နောက်ကျောပြင်ထက်မှ ချွေးစက်တို့က တစိမ့်စိမ့်ဖြင့် စိုရွှဲနေအောင် ထွက်ပေါ်လာပေမဲ့မျက်ဝန်းတို့ကိုမှိတ်ထားရင်း တဖြည်းဖြည်း အိပ်ပျော်အောင် ကြိုးစားကာ အိပ်လိုက်တော့သည်။

တိမ်စိုင်တို့နောက်ကွယ် ...Donde viven las historias. Descúbrelo ahora