အပိုင်း ၇

1.5K 30 0
                                    

(7)

မှိုင်းညို့ညို့ အလင်းစက်တို့အောက်မှာ ကိုစစ်တစ်ယောက်သနပ်ခါးအဖွေးသားနှင့် နေကြီးအိမ်ဘက်သို့ထွက်လာခဲ့သည်။

"ဟဲ့...ကိုစစ်...နင့်အကောင်ဆီ ဝင်လိုက်ဦး...နင်မလာလို့တဲ့ ငါ့ကို ခေါ်ခိုင်းနေလို့"

"နေ့လည်ကတစ်ခေါက်ဝင်လာတယ်လေ...ဒီကောင့်အတွက်ညစာဘာကျွေးမလဲ"

"သူစားချင်တာစားရအောင် ၂၀၀ တန်တစ်ရွက်ပေးထားတယ်ငါအကြွေးတောင်းသွားတော့မယ်ကိုစစ်ရေ နင်ဒီည မုံရွာသည်တွေဆီက ကြက်သွန်ချရင် ငါ့အတွက် ယူထားပေးဦး"

နေကြီးအမပြောစကားတို့ကို ခေါင်းညိတ်ပြကာ ထွက်လာခဲ့လိုက်သည်။


"ဒဏ်ရာတွေ သက်သာသွားပြီ ငါဒီဥပုဒ်လောက် ဈေးဝယ်ပြန်လိုက်မယ်"

"ဟင်...စပါယ်ယာပြန်မလိုက်တော့ဘူးလား"

"ငါ့နေရာတခြားသူခေါ်လိုက်ပြီတဲ့"

"ကောင်းတာပေါ့ကွာ..."

ကိုစစ်ရဲ့မျက်နှာကပျော်မြူးနေသည့်အရိပ်အယောင်တို့ဖုံးမရဖိမရပေါ်လွင်နေတော့ နေကြီး မျက်မှောင်တချက်ကုတ်ကာ

"ခွေးကောင် သူများအလုပ်ပြုတ်တာ ပျော်ပြနေတယ်အကျင့်ကိုမကောင်းဘူး"

"မင်းနဲ့ငါ အမြဲတွေ့ရတော့မှာ ဆိုတော့ ပျော်တာပေါ့ကွာ...ဘာလဲ မင်းကမပျော်ဘူးလား"

"ငါဝင်ငွေမရှိတော့မပျော်ပါဘူးကွာ...ဒီကြားထဲ အလုပ်တခုခုတော့ရှာမယ်ကွာ"

"တော်စမ်းပါ...မင်းရေချိုးလိုက်မလား"

"အာ...မြစ်ဆိပ်ထဲရေဆင်းချိုးရင် အနာတွေ စပ်ကုန်မှာ ကြောက်တယ်"

"နေဝင်ရင် အိမ်ဘက်လာခဲ့ မင်းကြိုက်တဲ့ငါးဟင်းချက်ထားတယ် ထ္မင်းတူတူစားရအောင်...မင်းငါ့ကိုထမင်းခွံ့မကျွေးတာကြာပြီ ဒီညတော့ခွံ့ကျွေးဦးကွာ..."

စပ်ဖြီးဖြီးဖြင့်ပြောလာသည့် ကိုစစ်ရဲ့မျက်နှာကိုစိတ်ပျက်စွာကြည့်နေရာမှ
"မင်းက ငါကျွေးတာ စားချင်တာပေါ့"

နေကြီးရဲ့မျက်ဝန်းတို့ကခပ်တည်တည်စူးစူးဖြင့် ကြည့်ကာမေးလာတော့ကိုစစ် ရယ်ဖြဲဖြဲဖြင့် ခေါင်းညိတ်ပြလိုက်သည်။



"မိုးချုပ်တာ နေကြီးရာ လာ..."

"ဟဲ့...နေမင်းကိုခွေးကိုက်ခံရတာသက်သာသွားပြီလား...ချဉ်ပေါင်ဟင်းတွေဘာတွေမစားရဘူးနော်သိလား"

"ဟုတ်မေကြီး...ကျုပ်မစားပါဘူး...အခုလည်း မေကြီးသားက ခေါ်လို့ ထမင်းလာစားတာ..."

"အေး...စားကြစားကြ...ကိုစစ်ဟင်းကျန်သေးရဲ့လား အကုန်ထည့်ပေးလိုက်နော်"

ကိုစစ် အမေရဲ့ အော်သံအဆုံးမှာ နေကြီးက ထ္မင်းဝိုင်းမှာ ဝင်ထိုင်ပြီးသား ဖြစ်နေသည်။

"ရော့စား...မင်းအတွက်သေချာချန်ထားတာ "

"မင်းသာဝအောင်စား...ဟ...ကိုစစ်..."

"တော်စမ်းပါ...ငါခွံကျွေးတာကျ မင်းကမစားပဲနဲ့..."

"ငါကမင်းလို ကလေးဆန်ဆန်မှမလုပ်တတ်တာ...စားကွာ...မင်းကသာ ငါခွံ့ကျွေးရင် ပိုစားကောင်းတယ်ဆိုပြီး အပျင်းထူနေတာဟုတ်တယ်မို့လား"

ကျေနပ်စွာရယ်လိုက်ရင်းခေါင်းငြိမ့်ပြလိုက်တဲ့ ကိုစစ်ကို ကြည့်ကာ နေကြီးတစ်ယောက် စိတ်ထဲကနေ သဘောတကျဖြစ်စွာဖြင့်ကျိတ်ပြုံးလိုက်သည်။

တိမ်စိုင်တို့နောက်ကွယ် ...Où les histoires vivent. Découvrez maintenant