(12)
နေကြီးရဲ့နာရေးမှာ အော်ငိုလိုက်တဲ့ သူ့အမေရဲ့အော်သံကြောင့် ကိုစစ်မျက်လုံးတွေမို့အစ်နေအောင် ငိုထားသည့်ကြားမှ ရင်နာနာဖြင့် ကျေနပ်ပြုံးလေးပြုံးလိုက်ရင်း အမှောင်ထုထဲ ကျသွားသလို ခံစားလိုက်ရသည်။
"သူ့ရဲ့နောက်ဆုံးအချိန်မှာ ကိုစစ်ဘေးနားမှာမရှိပါစေနဲ့....ကိုစစ်ခံနိုင်ရည်မရှိမှာစိုးလို့....ကိုစစ်ရဲ့မျက်ရည်တွေမြင်နေရတာဝေဒနာတွေပိုဆိုးလာသလိုခံစားနေရလို့...သူ့မျက်ရည်တွေကျုပ်မမြင်ရက်ဘူးအဖေရ...ဆိုပြီး ရွာမကိုသွားတုန်း ကားပေါ်မှာ သေချာမှာသွားခဲ့တာဆို...အဖေတို့အမေတို့အတွက်ကျ ဘာမှ မမှာသွားပါခဲ့လား...အမေတို့မျက်ရည်တွေကျ မြင်ရက်တယ်လား ငါ့သားရာ...အမေတို့မျက်ရည်တွေကျ မြင်ရက်တယ်ပေါ့..."
နေကြီးအမေရဲ့ငိုသံတို့နောက်မှာ ဆို့နင့်ကြေကွဲခြင်းများစွာဖြင့် ကိုစစ်တစ်ယောက် လူတွေကြားမှာ ခွေကနဲ လဲကျသွားသည်။
YOU ARE READING
တိမ်စိုင်တို့နောက်ကွယ် ...
Romance..... ချစ်သူလူဆိုး ရေးသားသည် ။ ..... ☁ တိမ် 🌨 စိုင် 🌨 တို့ 🌩 နောက် 🌥 ကွယ်