( 11 )
မှောင်ရီသမ်းစပြုနေသည့် နွေညနေခင်းက လင်းချင်းစွာဖြင့် အမှောင်ဘက်ကူးပြောင်းဖို့ ပြင်နေသည်။
နေကြီးတို့ အိမ်ထဲမှာ အရပ်ထဲမှ လူများ ဝင်လိုက်ထွက်လိုက်ဖြင့် ရှုပ်ယှက်ခတ်နေကြသည်။ကားပေါ်မှဆင်းလာသည့်နေကြီးရဲ့အမူအယာကကြောင်တိကြောင်နဖြစ်နေမှန်းသိသာသည်။
"ဦးလေး..."
နေကြီးအဖေရဲ့ မျက်နှာပြင်ထက်က သောကအရိပ်အယောင်နှင့်မျက်ရည်စက်တချို့တို့ ကိုမြင်လိုက်ရတော့ ရင်ထဲမှာ လှိုင်းထန်နေသလို လူးလူးလိမ့်လိမ့်ဖြစ်သွားသည်။
"မင်းသူငယ်ချင်း....မရ...မရတော့ဘူးတဲ့"
"ဟင့်အင်း....ဘာလို့မရရမှာလဲ ဦးလေးဘာတွေပြောနေတာလဲ"
"မောင်ထွန်း...ဘာတဲ့လဲ အခြေအနေလေး ပြောပြဦးကွာ တရပ်ကွက်လုံး စိတ်မကောင်းဖြစ်နေတာ "
"အခြေအနေက သူ...ခွေးရူးပြန်လက္ခဏပြနေပြီမို့ ဘယ်လိုကုကုမရတော့ဘူးတဲ့...သူ့နောက်ဆုံးအချိန်လေးကိုငြင်ငြင်သာသာဖြစ်ဖို့ပဲ...."
"အို...."
ငိုချလိုက်သည့်အသံ...မေးသံမြန်းသံတို့ဖြင့်ဆူညံသွားသည်။
"ငါ့သား...မင်းအမေတို့ ရောက်လာတော့မှာခဏလေးစိတ်ထိန်းထားဦးနော်"
ကိုစစ် အိမ်အတွင်းထဲသို့ ဝင်လိုက်ပြီး လှမ်းကြည့်လိုက်တော့နေကြီးရဲ့လက်နှစ်ဘက်ကို ကြိုးနဲ့ချည်ထားသလို ခြေထောက်နှစ်ဘက်ကိုပါ ကြိုးနဲ့ပူးတုပ်ထားတာတွေ့လိုက်ရသည်။
ဘုရားရေ....
ဟင့်အင်း....
မလုပ်ပါနဲ့ အဲ့ဒီလိုကြီး နေကြီးကို ကြိုးနဲ့တုပ်မထားပါနဲ့....ပါးစပ်မှ သွားရည်တချို့ ယိုစီးကျနေသည့် နေကြီးကို သုတ်ပေးဖို့ ပြင်လိုက်တော့...
"မထိနဲ့...သွားရည်တွေကိုမထိနဲ့...ကိုစစ် မင်းပြန်တော့ကွာ ငါ့တူရာ လိမ္မာပါတယ်နော်...""ဝုန်း....."
"အမလေး..."
"ဟဲ့ဟဲ့...လုပ်ကြဦး ရုန်းနေပြီ...""ဒုန်း...."
"အူး...အူး....အူး...."
"ဟင်း...ဟဲ...ဟင်း....ဟဲ..."
![](https://img.wattpad.com/cover/203702368-288-k821585.jpg)
BẠN ĐANG ĐỌC
တိမ်စိုင်တို့နောက်ကွယ် ...
Lãng mạn..... ချစ်သူလူဆိုး ရေးသားသည် ။ ..... ☁ တိမ် 🌨 စိုင် 🌨 တို့ 🌩 နောက် 🌥 ကွယ်