"ဟိတ်...ပုကျူ"
Chanyeol သည် ခြေလှမ်းတို့ကို ခပ်နှေးနှေးသောလျှောက်ရင်း မျက်စိရှေ့က ပုလုံးလုံးလေးကို လှမ်းလှမ်းအော်နေသည်။ အရှေ့မှာ ကျောပိုးအိတ်ကို လွယ်ပြီး ခပ်သွက်သွက် လျှောက်နေသော အနှီလူသားလေးသည် လုံး
နေသည်။ ခေါင်းလဲ လုံးသည်။ ကိုယ်လုံးလေးလဲ လုံး၀န်းနေကာ ပြည့်ဖောင်းဖောင်းကလေး ဖြစ်သည်။ခြေတံတိုတိုလေးနဲ့ မပြေးရုံတမယ် လျှောက်နေသူကဆံပင်လေးတွေ ဖွာခနဲ ဖွာခနဲ ဖြစ်ကာ Chanyeol အခေါ်ကို မကြားချင်ယောင်ဆောင်ထားသည်။
",ဟေ့ !ရွှတ် ရွှတ် ပုကျူ လို့ "
အရမ်းကိုအေးဆေးနေသော Chanyeol ကတော့ စမတ်ကျကျပင် ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်လို့တစ်လှမ်းချင်း လျှောက်နေသည်။ ပါးစပ်ကသာ စမတ်
မကျဘဲ တရွှတ်ရွှတ် တပြွတ်ပြွတ်နှင့် ယွစိထိုးနေခြင်းဖြစ်သည်။မကြာပါ...ပုကျူလေးရဲ့ ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားကာ ပါးစပ်သရမ်းနေသူကို လှည့်ကြည့်လာသည်။ မနက်ခင်းနေရောင်ခြည်က မျက်နှာ ဖောင်းဖောင်းလေးပေါ် ဝဲဖြာကျ၍ ဖြူသော အသားအရေက အဝါရောင် ဘက်
ပြောင်းသည် အထိ နေခြည်ထိုးခံနေရပုံက နေကြာပန်းလေးနဲ့တူသည်။"ဘာလဲ ?"
ဘုကြည့်ကြည့် နေသူကို အခုမှ မသိသလိုလိုနဲ့ မေးခွန်းပြန် ထုတ်လိုက်တော့ နှုတ်ခမ်းသေးသေးလေးက စုချွန်ပြီး အပြင်ကို ထော်ထွက်လာတော့သည်။
ပုကျူ စိတ်ဆိုးရင် သိပ်ကို ချစ်ဖို့ကောင်းသည်။
"Park Chanyeol !ငါ့ကို အဲ့နာမည် မခေါ်နဲ့လို့ ငါပြောထားတယ် မဟုတ်လား ?"
"ဘာဖြစ်လို့လဲ အဲ့ဒါမင်းနာမည်ပဲကို !"
"ငါ့နာမည် Byun Baekhyun !!ဒီမှာ ဒီမှာ တွေ့လား ပုကျူ မဟုတ်ဘူး !"
ရင်ဘတ်ပေါ်က နာမည်ကတ်လေးကို လက်ညိုးသွယ်သွယ်လေးနဲ့ ထိုးပြကာ ရန်တွေ့နေသော ပုကျူ ကို ရယ်ချင်ပက်ကျိ မျက်နှာ ဖြင့် Chanyeol က ပြီတီတီလုပ်ကာ....
"မင်းအိမ်နာမည် ပုကျူ ဆိုတာ တစ်ကျောင်းလုံးသိတယ် ဘာကိုရှက်နေတာလဲ ?"
YOU ARE READING
" Pu Kyu "( Complete )