(Unicode)
ပိုးသတ်ဆေးတို့ ရောပြွန်းရာ တည်ရှိနေသော ဆေးရုံကြီးရဲ့ အတွင်းပိုင်း...။
"လူနာ မင်ယူနာ မွေးတော့မယ်!!"
အော်ဟစ်နေကြသော nurseမတွေကို သူမတစ်ချက်ကြည့်လိုက်သည်..။
ပြေးလွှာကာ အလုပ်ရှုပ်နေကြရင်းလူ့လောကကြီးထဲကိုရောက်လာမဲ့ ကလေးလေးအတွက်ကြိုးစားနေသည်မဟုတ်လား..။သူမလဲ လှည်းကုတင်ပေါ်က ကိုယ်ဝန်သည်မိန်းမနဲ့ သူမလက်ကိုဆုတ်ကိုင်ထားသော ယောကျာ်းကိုကြည့်ရင်းသဘောကျနေသည်..။
အသက်နဲ့ရင်းပြီးမျိုးဆက်လေးကို မွေးဖွားပေးသော မိန်းမကို အားပေးနေပုံက အတော်ပင် ကြည်နူးစရာကောင်းသည်...။
ထိုစိတ်နဲ့အတူ သူမသာ ထိုမိန်းမနေရာ မောင်သာ ထိုယောကျာ်းနေရာဆိုရင် ထိုလိုပဲ အားပေးနေမလားဟူသောအတွေးဝင်လာကာပြုံးမိ၏..။
စိတ်တို့လှုပ်ရှားကာပင် အထဲက ခေါ်လာမည့် သူမနာမည်ကို စောင့်မျှော်လို့မဆုံး...။
သူမဘေးနားကမောင်ကိုကြည့်တော့လည်း စိတ်လှုပ်ရှားပုံလဲမပြပဲ တည်ကြည်စွာထိုင်နေတာမို့ မောင့် ပုခုံးပေါ်မှီလိုက်တော့ သူ့ကိုကြည့်လာကာ ပခုံးဖက်ပေးလာသည်။
"မ စိတ်အရမ်းလှုပ်ရှာနေတယ်မောင်"
"အင်း မောင်သိတယ်"
စကားကိုတိုပြတ်ပြတ်သာပြောတတ်သောမောင်က စတွေ့ကထဲကအတိုင်းပင်...။သူမအပေါ်ဘယ်တော့မှပြောင်းလဲခြင်းမရှိတဲ့အရာတွေထဲမောင်ပါမယ်ထင်တယ်။ဒါပေမဲ့ သိပ်မကြာခင်မှာ မောင်ပြောင်းလဲလာတော့မှာပါ....။
"ဂျွန်အင်မ်ဆူ ဝင်လာလို့ရပါပြီ"
Nurseမလေးရဲ့ခေါ်သံအဆုံး ကြွကြွရွရွဖြင့် သူမရယ်သူမယောကျာ်း မောင်ဆိုသော သူရယ်..။
"လာပါရှင့်"
ဒေါက်တာမက စောင့်နေကာ သူ့ရဲ့စားပွဲထဲက ဆေးစစ်ချက်အဖြေလွှာကို ကိုင်ရင်းစောင့်နေသည်။
မောင်နဲ့သူမ ထိုင်လိုက်ကာ သူမကပင်..။
"ဆရာမ ကျွန်မနဲ့မောင် ဆေးစစ်ချက်အဖြေလေးသိချင်လို့ပါ"