Prologue (Uni)

7.3K 308 1
                                    

ဒီဇင်ဘာရဲ့နှင်းတွေက ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့ လူတစ်ယောက်ကိုမှအားမနာ ဆာကူရာတွေနဲ့အပြိုင် တဖွဲဖွဲကျဆင်းနေတယ်။ နက်ပြောင်နေတဲ့ ကတ္တရာလမ်းက ပွင့်ဖတ်ဖြူဖြူတွေနဲ့ အင်မတန်လိုက်ဖက်တယ်။

ကျောင်းဝန်းထဲကခုံတန်းလျားတွေနဲ့ ပန်းခြံထဲမှာ ဝိုင်းဖွဲ့ပြီး သီချင်းဆိုနေကြတဲ့ အနုပညာ ဌာနက ကျောင်းသားတစ်ချို့ကိုမြင်တော့ တစ်စုံတစ်ယောက်ကို မဆီမဆိုင်လွမ်းမိပြန်တယ်။ ဘယ်အချိန် ဘယ်နေရာကိုပဲ ရောက်ရောက် အောင်မြင်စွာ ရုန်းမထွက်နိုင်တဲ့ အတိတ်က အရိပ်တစ်ခုလို ဆိုးရွားနေဆဲ။

တစ်ကယ်တော့ အချိန်ဟာ အချိန်သပ်သပ်ပါပဲ။ အချိန်ဟာ ဘယ်အရာကိုမှ ထိထိရောက်ရောက် ကုစားပေးနိုင်တဲ့ သမားတော်တစ်ပါးမဟုတ်ခဲ့ဘူး။ လူတွေရဲ့ ခံစားချက်တွေက အပေါ်ယံဆန်လွန်းတော့ အချိန်အတိုင်းအတာ တစ်ခုရောက်လာရင်သာ အရာရာကို မေ့ပစ်လိုက်နိုင်ကြတာ...။

ဒါပေမယ့်လည်း ဒီကမ္ဘာပေါ်မှာရင်နာနာနှင့် လွမ်းတတ်သူများကတော့ ထု နှင့် ထေး။ သည်လိုလူတွေထဲ တစ်ချို့ကတော့ ဟန်ဆောင်ကောင်းတယ်။

ဥပမာ "ငါတော့သူ့ကိုမေ့သွားပါပြီ စိတ်ထဲတောင်မရှိတော့ပါဘူး" လို့ ပြောဆိုနေကြပေမယ့် Friday Night Party ရောက်တိုင်း "ဘယ်သူကတော့ ဘယ်လိုနေနိုင်ကြောင်း၊ ကိုယ်ကတော့ မမေ့နိုင်ကြောင်း၊ သိပ်ချစ်ခဲ့ကြပါတယ် ဆိုတဲ့အကြောင်း၊ အချိန်တန်ရင် ငါ့ဆီပြန်လာမှာ" စသည်ဖြင့် အလွမ်းတွေကို ပြန်လည်တူးဆွ ဖော်ထုတ် တတ်ကြတဲ့သူတွေပေါ့...။

အေးစက်ထုံကျင်လာတဲ့လက်တွေကို ကုတ်အကျ်ီအရှည်ရဲ့ အိပ်ကပ်ထဲထည့်လိုက်ရင်း ကောင်းကင်ကိုတစ်ချက် မော့ကြည့်လိုက်တော့ အဖြူရောင်နှင်းပွင့်တွေဟာ အပြာရင့်ရောင်ကောင်းကင်ဆီမှ တစ်ဖွဲဖွဲ ကျဆင်းနေဆဲ...

လေပြေတစ်ချက်ကြောင့် ဝေ့ဝဲလာတဲ့ဆာကူရာတွေကြား နှင်းပွင့်တွေကအလိုက်သင့် စီးမျောနေဆဲ...။

လမ်းလျှောက်တုတ်ရဲ့ အကူအညီနဲ့ ညာခြေထောက်ကို‌ဖော့ရင်း ဘယ်ခြေထောက်ကိုအားထည့်လှမ်းလို့ ဖြေးဖြေးမှန်မှန် လျှောက်လာလိုက်တယ်။ မကြာခင် ဌာနကိုရောက်တော့မယ်။

EVENING (Yizhan Story)Where stories live. Discover now