II Zawgyi ll
"သား...ငပြင်းလေးထတော့...အလုပ်ပထမဆုံးရက်မှာ နောက်ကျချင်လား...."
ရှောင်းကျန့် တယောက်အမေ့စကားသံအဆုံးမှာ ပြူးပြဲထပြီး မျက်နှာသစ်ဝန်ထမ်းဝတ်စုံလေးဝတ်ကာ အိမ်အောက်ကိုဒုန်းဒိုင်း ဆင်းပြေးလာခဲ့တယ်။
"ဟဲ့သား ထမင်းကြော်လေးစားသွား..."
ရှောင်းကျန့် ဖိနပ်ကိုအသဲအသန်စီးပြီး အိမ်အပြင်ပြေးထွက်ရင်းနဲ့...
"မစားတော့ဘူးအမေရဲ့ နောက်ကျ....."
အမေဖြစ်သူခမျာ သားရဲ့စကားဆုံးအောင်တောင်မကြားရတော့ချေ အိမ်အပြင်နဲ့မီတာအတော်များများကို ပြေးထွက်သွားပြီဖြစ်တဲ့သားကိုသာ ခေါင်းတခါခါကြည့်နေတော့တယ်။
"ဟူး~~ တော်သေးတယ်....အခုဆိုကားလာသေးမှာမဟုတ်ဘူး..."
သူတို့အိမ်ကကားမှတ်တိုင်နဲ့ ဆန့်ကျင်ဘက်မျက်နှာမှာရှိတာကြောင့် မျက်နှာချင်းဆိုင်မှာရှိတဲ့ မှတ်တိုင်မှာသွားစောင့်ဖို့ မီးပွိုင့်တခုကိုဖြတ်ရသည်။မီးအစိမ်းရောင်နဲ့ လူရုပ်လေးပေါ်လာတော့ရှောင်းကျန့် လမ်းဖြတ်ကူးလိုက်တယ်။ထိုချိန်ကားတစီး ကအရှိန်နဲ့မောင်းလာခဲ့တယ် အထဲကကားမောင်းသူမှာလည်း အသံနက်ကြီးနဲ့
"ဖယ်ကြပါ...ကားဘရိတ်ပေါက်သွားလို့...အား....."
ထိုကားရဲ့ဦးတည်ချက်က ရှောင်းကျန့်နဲ့အတော်ဝေးတာကြောင့် ထိန့်လန့်သွားတာအပြင်တခြားခံစားချက်မရှိပေ ထိုအချိန် ကားကအလယ်တန်းကျောင်းသူလေး တယောက်ဆီကိုဦးတည်ပြေးဝင်နေတာမို့ ရှောင်းကျန့် မကြည့်နိုင်တော့ဘဲ ထိုကောင်မလေးလက်ကိုဆွဲလိုက်ကာ တလက်မလေးအလိုမှာ ကားကတခြားဘက်ကိုမောင်းထွက်သွားတယ်...
"ဟေ့...ရရဲ့လား..."
ထိုကလေးမလေးကအတော်လေးလန့်သွားတဲ့ပုံပင် ရှောင်းကျန့် ဘရိတ်ပေါက်သွားတဲ့ကားဘက်လိုက်ကြည့်တော့ လမ်းဘေးကသံရေပိုက်ခေါင်းကြီးနဲ့ တိုက်မိပြီးရပ်သွားတယ် ထိုအချိန်သူကယ်လိုက်တဲ့ကောင်မလေးက..
"ကိုကို သတိထား...."
"ဒုန်း...."
တဖက်ကကားတွေဖြတ်ကူးလို့ရသွားတာမို့ အလောတကြီးဖြစ်နေတဲ့ကားတစီးက တချို့လမ်းပေါ်ကလူတွေကိုရှောင်ရင်းနဲ့ ရှောင်းကျန့် ကိုတည့်တည့်တိုက်တော့သည်။

ESTÁS LEYENDO
My Lovely Secretary(Complete)
Fanfic|| Zaw & Uni ll Accident တခုမှစတင်ခဲ့သည့်... 🌫 🌫 🌫 🌫 🌫 🌫 Accident တခုမှစတင်ခဲ့သည့်... #YiZhan #Writer-Saung(D.W)