Unicode
6 months later ~~~
"တစ်ပတ်ပဲသွားမှာပါ အစ်ကိုရာ။ Taebin လေးအပြင်ကိုရောက်မလာခင် ကျွန်တော်ပြန်ရောက်လာမှာဘဲကို။ "
Jungkook တစ်ယောက်အလုပ်ကိစ္စကြောင့် နယ်ဘက်ကိုခရီးသွားဖို့ အရေးကြုံလာတာကို သူတားနေတဲ့ကြားထဲက သွားတယ်ဆိုပြီး စိတ်ကောက်နေတဲ့ Taehyung ။Taebin ဆိုတဲ့သူတို့ရဲ့ဗိုက်ထဲက ကလေးလေးထွက်မလာခင် အမီပြန်လာပါ့မယ်လို့ ကတိပေးနေတာကိုလဲ လက်မခံပေ။ အမှန်တော့ စိတ်ကောက်တာထက် စိတ်ပူနေတာဆို ပိုမှန်လိမ့်မည်။
"ဟိုတစ်ခေါက် မတော်တဆဖြစ်ပြီးကတည်းက မင်းကားမောင်းတာကို မကြိုက်ဘဲနေခဲ့တာ။ အခုလိုနယ်ဝေးကြီးသွားမယ်ဆိုတော့ ငါကစိတ်ပူတာပေါ့။ ပြီးတော့တစ်ပတ်ကြီးများတောင်။ "
"ကျွန်တော်လဲ တစ်ပတ်ကြီးများတောင် အစ်ကိုနဲ့ရော၊ ကျွန်တော့်ကလေးတွေနဲ့ရော ခွဲချင်ပါ့မလား။ အစ်ကိုက မွေးဖို့အရမ်းရက်ကပ်နေတာကို ကျွန်တော်ကသွားချင်မယ်ထင်နေလား။ မသွားလို့မဖြစ်လို့လေ။ "
Jungkook ပြောတာကလဲဟုတ်သည်။ ဒီအတောအတွင်း အဖေကအကြာကြီးနေမကောင်းဖြစ်သွားတာကြောင့် ကုမ္ပဏီမှာ နည်းနည်းဂယက်ရိုက်သွားသလို Jungkook ကလဲအများကြီး ပင်ပန်းခဲ့ရသည်။ အခုတော့ အခြေအနေတွေက ငြိမ်သွားပြီဆိုပေမယ့် အဖေ့ရောဂါဝေဒနာတွေက အရှင်းမပျောက်သေးတာမို့လို့ ရှင်းစရာကိစ္စတွေက တစ်ပုံတစ်ပင်ကျန်သေးသည်လေ။
မသွားမဖြစ်တဲ့ ကိစ္စဆိုပေမယ့် Jungkook ကသွားရမှာစိတ်မဖြောင့်သလို Taehyung ကလဲလုံးဝမသွားစေချင်နဲ့ နှစ်ယောက်သားအခက်တွေ့နေကြသည်။
"ကျွန်တော်အခုသွားတယ်ဆိုတာ ကျွန်တော်တို့ရဲ့ မိသားစုလေးအတွက် သွားတာဘဲ။မြန်မြန်ပြန်လာခဲ့မယ်။ စိတ်မပူနဲ့နော်။ "
Taehyung ရဲ့နဖူးလေးကို နမ်းရင်း Jungkook ပြောမိသည်။ Taehyung ကတော့သက်ပြင်းသေးသေးလေးတစ်ချက်ချပြီး
"ငါနားလည်ပါတယ်။ အခုက ကလေးမွေးခါနီးမို့လို့ မသွားစေချင်နေတာ။ အမြန်ဆုံးရောက်တော့ ပြန်လာခဲ့ရမယ်နော်။ "
BẠN ĐANG ĐỌC
SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]