Unicode
"ငါးဟင်းကြီး မစားချင်ဘူး။ တခြားတစ်ခုခု လုပ်ပေးပါနော်။"
"အစ်ကိုလေးပဲ နေ့လည်တုန်းက ငါးဟင်းစားချင်တယ်ဆိုလို့ ကျွန်မတို့ငါးဟင်းချက်ထားတာပါ။ ပြီးတော့တခြားဟင်းတွေလဲ ချက်ထားတယ်လေ။ အခုညစာစားဖို့ အကုန်ပြင်ပြီးကာမှ မစားချင်တော့ဘူးဆိုတော့ ဘာလုပ်ပေးရမှာလဲဟင်။ အစ်ကိုလေးက ငါးဟင်းမစားချင်တာဆို ငါးဟင်းကိုဖယ်ထားလိုက်မယ်လေ။ "
"မသိဘူး။ အခုအချိန်မှာတော့ ငါးဟင်းမစားချင်ဘူး။ ဒါပေမယ့် ဖယ်ထားတော့ကျ Jungkook ကငါးဟင်းစားချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။"
ခါတိုင်းဒီလိုမျိူး တစ်ခါမှမဖြစ်ဖူးပေမယ့် မသိမသာရစ်နေတဲ့ အစ်ကို့ကြောင့်အိမ်ဖော်ကောင်မလေး ကြည့်ရတာအခက်တွေ့နေတဲ့ပုံ။ Jungkook ဘာဝင်ပြောလို့ ပြောပေးရမှန်းမသိ။
"ကျွန်တော်က ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ အစ်ကိုမစားချင်လို့ ငါးဟင်းကိုဖယ်ချင် ဖယ်လိုက်လေ။"
"မင်းအဲ့လိုပြောလာတော့ကျ ငါးဟင်းကိုစားချင်လာပြန်ရော။ "
"အဲ့ဒါဆိုလဲ စားပေါ့။"
"သိပြီ။ Yuji ရေ။ ကြက်ဂျင်ဆင်းကန်ကို လာဖယ်ပေးပါ။ ငါစားချင်စိတ်မရှိတော့ဘူး။ "
စကားကြောင့် အိမ်ဖော်ကောင်မလေးက စားပွဲနားကို တစ်ခေါက်လာပြီး ဖယ်ပေးရပြန်သည်။ ကြက်ဂျင်ဆင်းပန်းကန်ကို ဖယ်ပြီးရုံရှိသေး
"နေဦး Yuji"
"ဟုတ်။ အစ်ကိုလေး။ ကြက်ဂျင်ဆင်းကိုပြန်ပြီး စားချင်လာလို့လားဟင်။ "
"မဟုတ်ပါဘူး။ ကြက်ဥကြော်ခိုင်းမလို့ပါ။ မြန်မြန်လေးကြော်ပေးနော်။ "
"ဟုတ်ကဲ့။"
ကြက်ဥကြော်ပေးပြီးပြန်တော့ကျလဲ ကြော်ပေးထားတဲ့ကြက်ဥကြော်ကို ထိရုံလေးသာထိပြန်သည်။ ဘာဖြစ်လို့မှန်းမသိ ဂျီကျကာတစ်ခုခုထူးဆန်းနေတဲ့အစ်ကိုကြောင့်
"အစ်ကိုနေကောင်းရဲ့လား။"
Taehyung ရဲ့နဖူးလေးကိုစမ်းကာ Jungkook မေးမိသည်။
![](https://img.wattpad.com/cover/248241066-288-k986273.jpg)
VOUS LISEZ
SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]