Unicode
"ဒီအပြာလေးက ချစ်ဖို့ကောင်းတယ်မလား။ ဒါပေမယ့်ပန်းရောင်လေးပါ ဝယ်ခဲ့လိုက်တယ်။ ကလေးဆိုတော့ ဘာဝတ်ဝတ်ချစ်ဖို့ကောင်းမှာပါနော်။ "
ကလေးစီးဖိနပ်ကလေးတွေကို ဝယ်လာကာသူ့ကိုပြနေတဲ့ Jungkook ကြောင့် Taehyung ပီတိဖြစ်ရသည်။ သူထင်ထားတဲ့အတိုင်းပင်။ အရင်ကတော့ Jungkook ကသူကလေးယူမှာကို တားခဲ့ပေမယ့် တကယ်ကလေးရလာတဲ့ အချိန်ကျတော့ သည်းသည်းလှုပ်ဖြစ်နေသည်လေ။
အခုလဲကြည့်ဦး။ မနေ့တုန်းကမှ သူ့မှာကိုယ်ဝန် ရှိမှန်းသိတယ်။ ဒီနေ့အလုပ်ကအပြန်မှာ ကလေးအသုံးအဆောင်တွေ ဝယ်လာတာက တစ်ဆိုင်လုံးသယ်လာသလား အောက်မေ့ရတယ်။ ကလေးလေးက အခုအချိန်မှာ ultrasound တောင်ရိုက်လို့မရသေးတဲ့ အနေအထားဘဲရှိသေးတာတောင် အခုလိုဝယ်လာရင်တော့ နောက်ဆိုရင်ကလေးနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေက ထားစရာနေရာတောင် ရှိမှာမဟုတ်လောက်ပေ။
"ဒါလေးတွေက တကယ်ချစ်ဖို့ကောင်းတယ်။ ကလေးနဲ့ပတ်သတ်တဲ့အရာလေးတွေကတောင် ဒီလောက်ချစ်ဖို့ကောင်းနေတော့ ကလေးလေးဆိုရင် ဘယ်လိုတောင်နေမလဲမသိဘူး။ "
"ဟုတ်ပ။ တွေးကြည့်ရင်းနဲ့ တကယ်စိတ်လှုပ်ရှားနေမိတယ်။ ကလေးလေးရှိနေပြီဆိုတာကို သိကတည်းက ရင်ထဲတစ်မျိုးဖြစ်နေတာ။ အခုထိမပျောက်သေးဘူး။ "
"ကျွန်တော်ရောဘဲ။ "
Jungkook ကကြည်နူးစွာပြောနေသလို Taehyung က Jungkook ဝယ်လာတဲ့ဖိနပ်ကလေးကို ကြည့်ရင်းမျက်နှာလေးက လင်းနေသည်။ ဖိနပ်ဆိုတာက မွေးခါစ ကလေးတွေအတွက် မလိုအပ်သေးတာကိုတောင် Jungkook ကဝယ်လာတာမို့လို့ ကလေးကိုဘယ်လောက်ချစ်လဲဆိုတာကို သူခန့်မှန်းလို့ရသည်။
သူ့ဘဝတစ်လျှောက်လုံးကို စိတ်ဓါတ်ကောင်းတစ်ခုနဲ့ပဲ ဖြတ်သန်းခဲ့တာမို့လို့ သူ့ကလေးကိုအနှောင့်အယှက်မရှိဘဲ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်ဖို့ကို သူမျော်လင့်မိသည်။ ဒါပေမယ့် စိတ်ထဲလေးနေသလိုမျိုးကြီး ဖြစ်နေတာကိုသူမကြိုက်။
BẠN ĐANG ĐỌC
SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]