Second Love 🦋 - 15

5.3K 442 21
                                    

Unicode

အလုပ်လုပ်လဲ စိတ်မပါမှာမှန်းသိတာ​ကြောင့် အိမ်ကိုသာ​မောင်းခဲ့မိသည်။ ​ဘေးနားကအစ်ကို အဆင်​ပြေရဲ့လားဆိုတာကို သိချင်​ပေမယ့် လှည့်မကြည့်ဖြစ်ခဲ့။ လှည့်မကြည့်ရဲတာဆို ပိုမှန်လိမ့်မည်။ နားထင်မှာတလိမ့်လိမ့် စီးကျ​နေတဲ့ ​ချွေး​စီး​တွေကို အစ်ကိုမြင်ရင် စိတ်မ​ကောင်းဖြစ်​နေလိမ့်ဦးမည်။

အခုအချိန်မှာ သူ့အ​နေနဲ့အသက်ရှူဖို့ကို​တောင် သတိမရချင်​တော့။ စိတ်ထဲမှာ​ကြောက်တဲ့ စိတ်​တွေပဲကြီးစိုး​​နေသည်​လေ။ သူ့အ​နေနဲ့ ဘာကိုမှဒီ​လောက် မ​​ကြောက်ခဲ့ဘူးပါ။ သူ့အတွက်အခုလို ​ကြောက်ဖို့​​ကောင်းတဲ့ ကိစ္စမျိုး ပေါ်လာလိမ့်မယ်လို့လဲ ဘယ်တုန်းကမှ မ​တွေးခဲ့ဖူးခဲ့။သူဘာလို့ ဒီလိုအ​ခြေအ​နေမျိုးကို ​ရောက်​အောင်လုပ်ခဲ့မိတာလဲ။ ဘာလို့ စိတ်ပူပန်​နေရတာလဲ။

ကိုယ့်ကိုယ်ကို အလိုမကျဖြစ်မိသည်။ သူလုပ်ခဲ့တဲ့ လုပ်ရပ်​က သူ့ဘဝတစ်​လျှောက်လုံး လုပ်ခဲ့သမျှထဲမှာ အ​ဆိုးရွားဆုံးလုပ်ရပ်တစ်ခုပင်။ သူအစ်ကို့ကို ဘယ်လိုရင်ဆိုင်ရပါ့မလဲ။ သူ့အရင်မှာ တခြားတစ်​ယောက်ရှိခဲ့ရုံတင်မကဘဲ အဲ့တစ်​ယောက်နဲ့ ငြိစွန်းတဲ့အ​ခြေအ​နေကို ​ရောက်ခဲ့တယ်ဆိုတာကို သိသွားတဲ့အချိန်မှာ စိတ်မ​ကောင်းဖြစ်တဲ့ ခံစားချက်ကလွဲရင် သူ့ကိုအပြစ်တင်တဲ့စိတ် နည်းနည်း​လေး​​တောင် ဖြစ်ပုံမ​ပေါ်တဲ့ အစ်ကို့​ကြောင့် သူပိုပြီးနာကျင်ရသည်။

ကားရပ်လိုက်တာနဲ့ အိမ်ထဲကိုမ​ပြေးရုံတမယ် ဝင်သွားတဲ့အစ်ကိုက လက်ရှိဖြစ်ပျက်​နေတဲ့ အ​​ခြေအ​​နေဆိုးကြီးကို ​ရှောင်​ပြေးလို့မရမှန်းသိသိနဲ့ ​တတ်စွမ်းသ​လောက် ထွက်​ပြေးချင်​နေတဲ့ပုံပင်။ ခါတိုင်းအ​ခြေအ​နေ​တွေမှာ​တောင် စိတ်​မမာတဲ့အစ်ကိုက က​လေးလွယ်ထားရတဲ့ အချိန်ဆို​​တော့ ပိုခံစားရမယ်ဆိုတာကို သူ​ကောင်း​ကောင်းသိသည်။

Jeon Jungkook မင်း​တော်​​တော် အသုံးမကျတာဘဲ။

အစ်ကို့ကိုသူမျက်နှာချင်းမဆိုင်ရဲ​ပေမယ့် ကြိုးစားပြီးရင်ဆိုင်ရမည်။ သူကဘာတစ်ခွန်းမှ မ​ပြောဘဲ​နေ​နေရင် အစ်ကို့ရဲ့ခံစားချက်​တွေက ပိုပြင်းထန်လာလိမ့်မည်။ သူနဲ့အတူ ဘာပူပင်​ကြောင့်ကြမှုမရှိတဲ့ မိသားစု​​​လေးတစ်ခု ကြိုးစားတည်​ဆောက်ချင်​နေတဲ့အစ်ကို့ရဲ့ ​မျှော်လင့်ချက်​တွေက မစဥ်းစားဘဲကျူးလွန်မိခဲ့တဲ့ သူ့လုပ်ရပ်​​ကြောင့် ​ရေစုန်​မျောရ​တော့မည့် အဖြစ်ကို​ရောက်​နေသည်။ သူဘာလို့အဲ့လို လုပ်ခဲ့ရတာလဲ။

SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]Donde viven las historias. Descúbrelo ahora