Second Love 🦋 - 6

4.8K 488 14
                                    

Unicode

Jungkook တစ်​ယောက်အိမ်ပြန်​ရောက်​တော့ အစ်ကိုကအိပ်​ပျော်​နေသည်။ ခါတိုင်းဒီလိုမျိုး မအိပ်ဖူးတာ​ကြောင့် သူအလုပ်သွား​နေတုန်း တစ်ခုခုများဖြစ်ခဲ့တာလား သိချင်မိသည်။ အစ်ကို့ကြည့်ရတာ စိတ်ပင်ပန်းလွန်းလို့ ငိုရင်းနဲ့ အိပ်​ပျော်သွားတဲ့ပုံ။ ဘာစိတ်ညစ်စရာ​တွေ ရှိရပြန်ပြီလဲအစ်ကိုရယ်။

အစ်ကို့ကိုရုပ်ပိုင်းဆိုင်ရာ နည်းနည်း​လေးထိခိုက်သွားမှာကို​တောင် စိတ်ပူရတာ။အခုလို စိတ်ထဲမှာတစ်ခုခုကို နာကျင်​နေရတာမျိုးဆို ပိုပြီး​တော့ပင် စိတ်ပူ​နေမိသည်။ ဘာမှမဖြစ်​စေချင်ဘူး။ သူ့ကိုအရမ်းချစ်​ပေးပြီး သူကလဲအသက်ထက်​တောင်မြတ်နိုးရတဲ့ အစ်ကို့ကို။

သူအလုပ်သွားတဲ့ အချိန်တုန်းက ဘာ​တွေများဖြစ်သွားခဲ့တာလဲ။ အစ်ကိုကဘယ်​​တွေကို သွားခဲ့​သေးလဲဆိုတာကို ​အိမ်ကအလုပ်သမား​တွေကို လိုက်​မေးကြည့်​တော့ အစ်ကိုကဒီ​နေ့ ဘယ်မှမသွားဘူး။ အိမ်မှာဘဲရှိခဲ့တယ်တဲ့။

မိန်းက​လေးဧည့်သည်တစ်​ယောက်လာသွားတယ်လို့​တော့ ​ပြောကြ​ပေမယ့် အဲ့မိန်းက​လေးကဘယ်သူလဲဆိုတာကို​မေးပြန်​တော့လဲ အ​ဖြေမရှိကြ။ ကြည့်ရတာအစ်ကိုက မ​ပြောခိုင်းထားတာများလား။

စိတ်ထဲမှာ​တွေးပူလာမိတာက Eunbyul များဒီကိုလာသွားတာလားဆိုတာကို။ 

"အ​ဒေါ်ကြီး ​​နေ့လည်ကလာသွားတဲ့ ​ကောင်မ​လေးနာမည်က ဘယ်သူလဲဆိုတာ တကယ်မမှတ်မိဘူးလား။"

တစ်​ခေါက်​​မေးပြီးပြီဆို​ပေမယ့် ဒီတစ်​​ခေါက်မှာ​တော့ သိရမလားဆိုတဲ့အ​တွေးနဲ့ Jungkook ထပ်​မေးမိ​တော့ နည်းနည်း​လေးစိတ်ညစ်တဲ့ပုံ​ပေါက်​နေတဲ့ အ​ဒေါ်ကြီး​ကြောင့် ​နေ့လည်တုန်းက ဘယ်သူလာသွားတာလဲဆိုတာကို အစ်ကိုကမ​ပြောခိုင်းထားတာ ​​သေချာ​သွားခဲ့သည်။

"အဲ့​ကောင်မ​လေး နာမည်ကိုကျွန်မ မမှတ်မိ​တော့ဘူး။ ပြီး​တော့သူက တန်းပြီးပြန်သွားတာ။ "

ကြား​နေရတဲ့စကား​တွေကို Jungkook မယုံနိုင်ပါ။ ခဏဘဲ လာသွားတာဆိုရင် အစ်ကိုကအခုလိုဖြစ်​နေစရာ အ​​ကြောင်းမှမရှိတာ။ အစ်ကို့ကိုကြည့်ရတာ တစ်ခုခုကိုအစိုးရိမ်ကြီး စိုးရိမ်​နေတဲ့ပုံ​ပေါက်​​နေသည်​လေ။

SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]Donde viven las historias. Descúbrelo ahora