Second Love 🦋 - 3

5.5K 588 24
                                    

Unicode

Jungkook တစ်​ယောက်အလုပ်လုပ်ရင်းနဲ့ သူ့ကိုထိုင်​စောင့်​နေတဲ့ အစ်ကို့ရဲ့​​ကြည်လင်နေတဲ့ မျက်နှာ​လေးကိုလှမ်းကြည့်ပြီး စိတ်ထဲ​အလိုလို​နေရင်းကို​အေးချမ်းလာသည်။ ဘာမှလဲလုပ်စရာမရှိဘဲ ထိုင်​နေရတာ​ကြောင့် အစ်ကိုပျင်း​နေမှာ အ​သေအချာပင်။ အလုပ်လုပ်​နေတာကို ခဏရပ်လိုက်ပြီး sofa ​ပေါ်မှာထိုင်​နေတဲ့ အစ်ကို့ဆီကိုသွားကာ

"အစ်ကို ပျင်း​နေပြီလား။"

"မင်းကငါ့ကိုအဖတ်မလုပ်ဘဲ အလုပ်ကိုပဲအာရုံစိုက်​နေတာကို မပျင်းဘဲ​နေမလား။ ငုတ်တုတ်​တောင်အိပ်ပစ်ချင်လာပြီ။ "

"အဲ့ဒါဆိုလဲ အလုပ်​တွေကိုထားခဲ့လိုက်ပြီး ပြန်ကြမလား။ လုပ်စရာရှိတာ​တွေကို မနက်ဖြန်မှဘဲ ဆက်လုပ်လိုက်မယ်​လေ။ "

"အဲ့လိုလုပ်လို့ ရရဲ့လား။"

"ရတာ​ပေါ့။ ကျွန်​တော့်သူ​ဌေးက ကျွန်​တော့်​ယောက္ခမဘဲ​​လေ။ အလုပ်​တွေမပြီး​လဲ သူ့သားမျက်နှာ​ကြောင့် ကျွန်​တော့်ကိုအလုပ်ဖြုတ်မှာမဟုတ်ပါဘူး။ "

Jungkook ရဲ့ရွှတ်​နောက်​နောက်စကား​ကြောင့် Taehyung တစ်ယောက် Jungkook ကိုမနာ​အောင်ရိုက်လိုက်ပြီး

"​ပေါက်တက်ကရ​တွေမ​ပြောနဲ့။အ​ဖေက အလုပ်​ကောင်း​ကောင်းမလုပ်ရင် မင်းကိုတင်အပြစ်​ပြောမှာမဟုတ်ဘူး။ ငါ့ကိုပါ ဘယ်လို​ယောကျ်ားမျိုးယူထားတာလဲ ဆိုပြီးပြဿနာရှာမှာ။ "

"အဲ့လိုလုပ်လိုက်ရင် ကျွန်​တော်ကအစ်ကို့ကို​ပြဿနာရှာလို့မရ​အောင် အ​ဝေးတစ်​နေရာကို​ခေါ်သွားမှာ​ပေါ့။"

"မင်းကအဲ့လိုလုပ်ရဲ့လို့လား။ "

"အစ်ကိုသာ ကျွန်​ဆော့်​နောက်ကိုလိုက်ရဲမယ်ဆိုရင် မလုပ်နိုင်စရာဘာအ​ကြောင်းရှိလို့လဲ။ "

"စိန်လိုက်​လေ။ မင်းသာသတ္တိရှိတယ်ဆိုရင် ငါကလိုက်ပြီးသားဘဲ။"

ဘာမဟုတ်တာ​လေးကို အခုလိုငြင်းခုန်ရတာမျိုးကိုက Jungkook အတွက်တစ်မျိုး​ပျော်ဖို့​ကောင်း​နေပြန်သည်။ အစ်ကိုနဲ့သူနဲ့က အခုလိုဘဲအမြဲတမ်း ​ပြေ​ပြေလည်လည် အငြင်းပွားတတ်ကြသည်​လေ။

SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now