Unicode
မှန်ထဲမှာမြင်နေရတဲ့ ပုံရိပ်ငယ်ကိုအရင်ကထက် ကြည့်ကောင်းလာအောင် Taehyung ပြင်ဆင်လိုက်သည်။ Jungkook ကတော့ညတုန်းကညည့်နက်တဲ့ထိ အလုပ်လုပ်ထားတာမို့လို့ အိပ်မောကျနေတုန်း။ ဒီနေ့ကပိတ်ရက်ဖြစ်နေတာကြောင့်လဲပါမည်။
အခုအချိန်မှာ သူကလေးယူမယ့်အကြောင်းကို Jungkook ကိုပြောသင့်နေပြီလို့ တွေးမိတာကြောင့် ဒီနေ့အဲ့အကြောင်းကို ပြောဖို့ဆုံးဖြတ်ထားသည်။ အမေပြောတာမှန်တယ်။ ဒီလိုကိစ္စမျိုးဆိုတာ အချင်းချင်းတိုင်ပင်ဆွေးနွေးပြီး အတူတူလုပ်ဆောင်သွားဖို့က အရေးကြီးတယ်လေ။
မနေ့ညတုန်းက Jungkook သူ့ကိုပြောခဲ့တဲ့ စကားတွေကိုသူ့အနေနဲ့ တစ်ခွန်းမှပြန်မပြောနိုင်ခဲ့။ Jungkook ရဲ့အတွေးထဲမှာ သူကနားလည်မှုမရှိတဲ့လူတစ်ယောက်ဖြစ်သွားမှာကို စိုးရိမ်မိသည်လေ။ ဒါပေမယ့် Jungkook ကသူ့ကိုစိတ်မဆိုးဘူးလို့ ပြောခဲ့တယ်မလား။
အဲ့အစားသူ့ကို အရင်ကထက်ပွင့်လင်းဖို့ကိုပဲ ပြောခဲ့သည်လေ။ မနေ့ကဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေထဲကနေ သူသိလိုက်ရတာက သူတို့နှစ်ယောက်ကြားထဲမှာ ဒီ့ထက်ပိုပြီး ပွင့်လင်းသင့်တယ်ဆိုတာကိုပင်။
အရင်တုန်းက ခွင့်မပြုခဲ့တဲ့အရာကို အခုအချိန်မှာခွင့်ပြုပေးဖို့အတွက် Taehyung တောင်းဆိုရတော့မည်။ သူ့ဆန္ဒကို Jungkook ကလိုက်လျောပေးရင် အရမ်းပျော်မိမှာ။ ကျေးဇူးပြုပြီး ငါတောင်းဆိုတာကို ခွင့်ပြုပေးပါလား Jungkook ရယ်။
"Morning အစ်ကို။"
အိပ်ယာကနိုးနိုးချင်းမှာတင် သူ့ကိုအနောက်ကနေ သိုင်းဖက်ပြီးပြောလာတဲ့ Jungkook ။ Jungkook ရဲ့မျက်နှာက အရင်ကထက်ပိုပြီးကြည်လင်နေတာကြောင့်
"ဘာပျော်စရာရှိလို့လဲ။"
"ဒီအတိုင်းပဲ အစ်ကို့ကိုချစ်လို့။ "
Jungkook စကားကြောင့် Taehyung ရဲ့ပါးမို့မို့လေးတွေ ရဲလာရပြန်သည်။ Jungkook ပြောတဲ့ "ချစ်တယ်"ဆိုတဲ့စကားက ဘယ်အချိန်ကြားကြား သူ့အတွက်ပထမဆုံး ကြားရတဲ့စကားလေးလိုပင်။
أنت تقرأ
SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]