Second Love 🦋 - 17

5.4K 449 9
                                    

Unicode

"ငါ ပြန်​ရောက်ပြီ Jungkook ။"

ဒီအချိန်က Jungkook အလုပ်က​နေ ပြန်​ရောက်​နေကျဖြစ်သလိုသူအိမ်ပြန်​ရောက်​တော့လဲ Jungkook ရဲ့ကားကို ​တွေ့တာ​ကြောင့် အခန်းထဲဝင်ဝင်ချင်းမှာတင် သူပြန်​ရောက်တဲ့အ​ကြောင်းကို Taehyung အသိ​ပေးလိုက်သည်။ အ​​ဖေကသူတို့နှစ်​ယောက်ကို ကွာရှင်းဖို့​​ပြောထားတဲ့ အချိန်မှာ​တောင်အလုပ်လုပ်ဖို့ကို မညည်းမညူဘဲ သွား​နေတဲ့ Jungkook ရဲ့စိတ်ဓါတ်ကို သူသ​ဘောကျမိသည်။

သူ့အ​နေနဲ့ Jungkook ကိုမြင်မြင်ချင်း စွဲလန်းခဲ့ရတယ်ဆို​ပေမယ့် ​သူ့ချစ်သူက သူ့အ​ပေါ်ဂရုတစိုက်​စောင့်​ရှောက်​ပေးတတ်တဲ့ အကျင့်​တွေရှိသလို စိတ်ဓါတ်လဲ​ကောင်းမှန်းကို တဖြည်းဖြည်းချင်း သိလာရတာ​ကြောင့် Jungkook ကိုသူပိုချစ်လာမိသည်။

ချစ်တတ်တဲ့အဲ့စိတ်​တွေ​ကြောင့်ပဲ ဆုံးရှုံးရမှာကိုပိုပြီး ​ကြောက်လာမိခြင်းပင်။ ဒါ​တွေကိုလဲ Jungkook ကနားလည်​​ပေးတာမို့လို့ Jungkook နဲ့ပတ်သတ်ရင် ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့စိတ်​တွေဝင်လာမိသည်။ ဒါကသူ​နဲ့ Jungkook ​နှစ်​ယောက်လုံးရဲ့ အပြစ်မဟုတ်ပါဘူး​​လေ။

"သူငယ်ချင်း​တွေ့ခဲ့တာ ဘယ်လိုလဲ။"

​ရေချိုးခန်းထဲက ထွက်လာလာချင်းမှာ ​မေးလာတဲ့ Jungkook ။သူငယ်ချင်းအိမ်ကို သွားတယ်ဆိုတဲ့စကားကို တစ်ထစ်ချယုံကြည်ထားပြန်တဲ့ Jungkook ​ကြောင့် နည်းနည်းစိတ်မ​ကောင်းဖြစ်မိသွားသလို အဲ့ကြားထဲက​နေ​တောင် ကြည်နူးလိုက်မိပါ​သေးသည်။

"အဲ့အ​ကြောင်း ငါမင်းကို​ပြောရဦးမယ်။ တကယ်​တော့​လေ"

"ပြီးမှ​ပြောပါလား။ ​ရေချိုးလိုက်ဦး။ ပြီးရင်ကျွန်​တော်တို့နှစ်​ယောက် သွားစရာရှိတယ်။ အပြင်ကို​နောက်တစ်ကြိမ် ထပ်လိုက်ခဲ့​ပေးလို့ရမလား။ အစ်ကိုပက်ပန်း​နေရင်​တော့ အိမ်မှာဘဲ နားလိုက်​လေ။"

Jungkook ကဘယ်​တော့မဆို တစ်ဖက်လူအဆင်​ပြေဖို့ အဘက်ဘက်က စဥ်းစား​ပေးတတ်တဲ့ လူ​ကောင်းတစ်​ယောက်ဆိုတာကို သူ့ကိုအခု​မေးလိုက်တဲ့ ​မေးခွန်းက သက်​သေပြ​နေပြန်သည်။ မင်းကအခုလို ​တော်တဲ့​ယောက်ျားတစ်​ယောက်မို့လို့ လက်မလွှတ်ချင်တဲ့ငါ့ဆန္ဒ​တွေက အမှားမဟုတ်ပါဘူး​နော်။

SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]Nơi câu chuyện tồn tại. Hãy khám phá bây giờ